ပရီမီယံကြေးပေးသွင်းခြင်း
ပရီမီယံကြေးကိုဘယ်လိုပေးသွင်းနိုင်မည်နည်း။
၀၁။
ဘဏ်ခွဲများ၊ ဘဏ်အေးဂျင့်များ
- ဘဏ်ခွဲများ – သင်နှင့်အနီးဆုံးတွင်ရှိသည့် KBZ ဘဏ် ၊ AYA ဘဏ်၊ CB ဘဏ်၊ MOB ဘဏ်(သို့) Yoma ဘဏ် တို့၏ ဘဏ်ခွဲများတွင် ငွေသား (သို့) ချက်လက်မှတ်ဖြင့် ပရီမီယံကြေးပေးချေနိုင်ပါသည်။ ဘဏ်ခွဲသို့ရောက်လျှင် Dai-ichi Life Insurance Myanmar သို့ပရီမီယံကြေးပေးသွင်းလိုကြောင်း နှင့် လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ဘဏ်ဝန်ထမ်းကိုပြောပြပါ။ ချက်လက်မှတ်နှင့်ပေးသွင်းမှုအတွက်ဘဏ်လုပ်ငန်းဆောင်ရွက်မှုအရ ချက်လက်မှတ်ရှင်းလင်းရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန်လိုအပ်ပါသည်။
- KBZPay (သို့) AYAPay(သို့) MABဘဏ်အေးဂျင့်များ – နီးစပ်ရာ ဘဏ်အေးဂျင့်များ၌လည်း လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ပြောပြ၍ ပရီမီယံကြေးပေးသွင်းနိုင်ပါသည်။
၀၂။
အင်တာနက်၊ မိုဘိုင်းဘဏ်အပ်ပလီကေးရှင်း
KBZPay နှင့် KBZ မိုဘိုင်းဘဏ်အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် –
- Quick Pay ကိုရွေးချယ်ပါ။
- Insurance ကို ထပ်မံရွေးချယ်ပြီး Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
- လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။
AYA အင်တာနက်၊ မိုဘိုင်းဘဏ်အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် –
- Bill Payment ကို ရွေးချယ်ပါ။
- Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
- လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။
CBPay ဖြင့် ပေးချေမှုများအတွက် –
- Pay Bill ကို ရွေးချယ်ပါ။
- Insurance Payment ကို ထပ်မံရွေးချယ်ပါ။
- Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
- လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။
MAB ဘဏ်မိုဘိုင်းအပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် –
- Payment စာမျက်နှာရှိ Insurance ကို ရွေးချယ်ပါ။
- One-time Payment ကို ထပ်မံရွေးချယ်ပါ။
- Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
- Outlet နေရာ၌ Premium Payment ကိုရွေးချယ်ပါ။
- လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။
Yoma ဘဏ် DC အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် –
- Pay Bill ကို ရွေးချယ်ပါ။
- Biller Selection ကို ထပ်မံရွေးချယ်ပါ။
- Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
- လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။
Yoma ဘဏ် DC အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် –
- Bill Payment စာမျက်နှာကို ရွေးချယ်ပါ။
- Health & Insurance ကို ထပ်မံရွေးချယ်ပါ။
- Dai-ichi Life Insurance Myanmar ကို နှိပ်ပါ။
- လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။
၀၃။
Standing Order/Direct Debit ပြုလုပ်ခြင်း
ပရီမီယံကြေးပေးချေမှုပြုလုပ်ရာတွင် အချိန်ကုန်သက်သာစေရန်အတွက် KBZဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း ၊ CB ဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း (သို့)ဘဏ်ခွဲများ ၊ MAB ဘဏ်အင်တာနက်ငွေလွှဲဝန်ဆောင်မှု နှင့် MOB ဘဏ်ခွဲများ တို့တွင် အလိုအလျောက်ငွေပေးချေခြင်းစနစ်ကို လုပ်ဆောင်ထားရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။
၀၄။
Dai-ichi Life Customer Service Counter or Dai-ichi Life Experience Centre (DLEC)
ငွေသားဖြင့်ပေးသွင်းရန် ခွင့်ပြုထားသော Htar–Wa-Ra Edu Goal ပေါ်လစီအတွက် Dai-ichi Life Insurance Myanmar ၏ Customer Service Counter များ(သို့) Dai-ichi Life Experience Centre(DLEC) တွင် ကိုယ်တိုင်လာရောက်၍ ပေါ်လစီတစ်ခုလျှင် ငွေသားဖြင့် တစ်ကြိမ်လျှင် အများဆုံး ၂၀၀,၀၀၀ ကျပ်အထိ (သို့မဟုတ်) ချက်လက်မှတ်ဖြင့် ပမာဏအကန့်အသတ်မရှိပေးသွင်းနိုင်ပါသည်။
ကျွန်တော်တို့အသက်အာမခံကိုယ်စားလှယ်များသည် အသက်အာမခံဝယ်ယူသူများထံမှငွေသားတိုက်ရိုက်ကောက်ခံခြင်းမရှိပါ။
မှတ်ချက်:
- လူကြီးမင်းအနေဖြင့် ပရီမီယံကို အချိန်မှီပေးသွင်းခြင်း မရှိပါက ပေါ်လစီပျက်ပြယ်မည်ဖြစ်ပြီး ထိုသို့ ပျက်ပြယ်နေစဉ်ကာလအတွင်း ပေါ်လစီစည်းကမ်းသတ်မှတ်ချက်များအရ မည်သည့်အကျိုးခံစားခွင့်ကိုမှ ရရှိမည် မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ သို့ဖြစ်ပါ၍ Dai-ichi Life က အီးမေးလ်နှင့် SMS မှတဆင့် ပေးပို့မည့် ပရီမီယံပေးသွင်းရန် အကြောင်းကြားစာများတွင် ဖော်ပြထားသည့်အတိုင်း သတ်မှတ်ရက်အတွင်း ပရီမီယံ ပေးသွင်းရန် လိုအပ်ပါသည်။
- ပေါ်လစီပြန်လည်တည်မြဲစေရန် လျှောက်ထားလာပါက လူကြီးမင်း၏ ပျက်ပြယ်ပြီး ပေါ်လစီအတွက် ပေးသွင်းရန် ကျန်ရှိနေသည့် ပရီမီယံများအားလုံးကို ပေးသွင်းရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဖွင့်ဟကြေညာလွှာနှင့် ပေါ်လစီပြန်လည်တည်မြဲစေရန် အဆိုပြုလွှာ ကိုပါ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Dai-ichi Life က အသက်အာမခံထားသူ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို ကြည့်ရှုှုန် လိုအပ်ပါက ပြည့်စုံစွာ ပေးပို့တင်ပြရန် တာဝန်ရှိပါသည်။
- သက်တမ်းဆက် ပရီမီယံပေးသွင်းမည် ဆိုပါက ပေါ်လစီအမှတ်ကို မှန်ကန်စွာ ဖော်ပြရမည်ဖြစ်ပြီး ကနဦးပရီမီယံ ပေးသွင်းခြင်းအတွက် အဆိုလွှာအမှတ်ကို ဖော်ပြပေးရပါမည်။ မှန်ကန်သော ပေါ်လစီအမှတ်/အဆိုလွှာအမှတ်ကို ဖော်ပြခြင်း မရှိပါက Dai-ichi Life အနေဖြင့် ပရီမီယံပေးသွင်းမှုကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းကို လေးစားစွာ အသိပေးအပ်ပါသည်။
- တစ်ခုထက်ပိုသော ပေါ်လစီများအတွက် ပရီမီယံ ပေးသွင်းမည် ဆိုပါက မှတ်ချက်ရေးရန် နေရာတွင် ထိုပေါ်လစီအမှတ်များကို ရေးသားပေးရန် လိုအပ်ပါသည်။
- အသက်အာမခံဝယ်ယူသူအနေဖြင့် ပရီမီယံကို ကိုယ်တိုင် မပေးသွင်းဘဲ ကိုယ်စားပေးသွင်းမည်ဆိုပါက ထိုကိုယ်စားပေးသွင်းမည့်သူသည် မည်သူဖြစ်ကြောင်း (ဆွေမျိုးအရင်းအချာနှင့် အခြားသတ်မှတ်ထားသူများသာ ဖြစ်ရပါမည်) အသိပေးရပါမည်။ အကယ်၍ ကိုယ်စားပေးသွင်းသူသည် ဆွေမျိုးအရင်းအချာ မဟုတ်ပါက ‘ ပရီမီယံကိုယ်စားပေးသွင်းမည့်သူ၏ ဖွင့်ဟကြေညာလွှာ ’ ကို ဖြည့်စွက်ရမည် ဖြစ်ပြီး အကြောင်းပြချက်ကိုပါ တပါတည်း ဖော်ပြရပါမည်။
Premium Payment Options
OUR TEAM IS HERE TO ASSIST YOU WITH YOUR PREMIUM PAYMENT OPTIONS.
၁။ အင်တာနက်၊ မိုဘိုင်းဘဏ် အပ်ပလီကေးရှင်း
၂။ ဘဏ်ခွဲများ၊ ဘဏ်အေးဂျင့်များ
ဘဏ်ခွဲများ
သင်နှင့်အနီးဆုံးတွင်ရှိသည့် KBZ ဘဏ် ၊ AYA ဘဏ်၊ CB ဘဏ်၊ MOB ဘဏ်(သို့) Yoma ဘဏ် တို့၏ ဘဏ်ခွဲများတွင် ငွေသား (သို့) ချက်လက်မှတ်ဖြင့် ပရီမီယံကြေးပေးချေနိုင်ပါသည်။ ဘဏ်ခွဲသို့ရောက်လျှင် Daiichi Life Myanmar သို့ပရီမီယံကြေးပေးသွင်းလိုကြောင်း နှင့် လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ဘဏ်ဝန်ထမ်းကိုပြောပြပါ။ ချက်လက်မှတ်နှင့်ပေးသွင်းမှုအတွက်ဘဏ်လုပ်ငန်းဆောင်ရွက်မှုအရ ချက်လက်မှတ်ရှင်းလင်းရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန်လိုအပ်ပါသည်။
KBZPay (သို့) AYAPay(သို့) MABဘဏ်အေးဂျင့်များ
နီးစပ်ရာ ဘဏ်အေးဂျင့်များ၌လည်း လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ပြောပြ၍ ပရီမီယံကြေးပေးသွင်းနိုင်ပါသည်။
၃။ Standing Order/Direct Debit ပြုလုပ်ခြင်း
- ပရီမီယံကြေးပေးချေမှုပြုလုပ်ရာတွင် အချိန်ကုန်သက်သာစေရန်အတွက် ဖော်ပြပါ ဝန်ဆောင်မှုများမှ တဆင့် အလိုအလျောက်ငွေပေးချေခြင်းစနစ်ကို လုပ်ဆောင်ထားရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။
-
KBZဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း
-
CB ဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း (သို့)ဘဏ်ခွဲများ
-
MAB ဘဏ်အင်တာနက်ငွေလွှဲဝန်ဆောင်မှု
-
MOB ဘဏ်ခွဲများ
မှတ်ချက်
လူကြီးမင်းအနေဖြင့် ပရီမီယံကို အချိန်မှီပေးသွင်းခြင်း မရှိပါက ပေါ်လစီပျက်ပြယ်မည်ဖြစ်ပြီး ထိုသို့ ပျက်ပြယ်နေစဉ်ကာလအတွင်း ပေါ်လစီစည်းကမ်းသတ်မှတ်ချက်များအရ မည်သည့်အကျိုးခံစားခွင့်ကိုမှ ရရှိမည် မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ သို့ဖြစ်ပါ၍ Daiichi Life က အီးမေးလ်နှင့် SMS မှတဆင့် ပေးပို့မည့် ပရီမီယံပေးသွင်းရန် အကြောင်းကြားစာများတွင် ဖော်ပြထားသည့်အတိုင်း သတ်မှတ်ရက်အတွင်း ပရီမီယံ ပေးသွင်းရန် လိုအပ်ပါသည်။
ပေါ်လစီပြန်လည်တည်မြဲစေရန် လျှောက်ထားလာပါက လူကြီးမင်း၏ ပျက်ပြယ်ပြီး ပေါ်လစီအတွက် ပေးသွင်းရန် ကျန်ရှိနေသည့် ပရီမီယံများအားလုံးကို ပေးသွင်းရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဖွင့်ဟကြေညာလွှာနှင့် ပေါ်လစီပြန်လည်တည်မြဲစေရန် အဆိုပြုလွှာ ကိုပါ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Daiichi Life က အသက်အာမခံထားသူ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို ကြည့်ရှုရန် လိုအပ်ပါက ပြည့်စုံစွာ ပေးပို့တင်ပြရန် တာဝန်ရှိပါသည်။
သက်တမ်းဆက် ပရီမီယံပေးသွင်းမည် ဆိုပါက ပေါ်လစီအမှတ်ကို မှန်ကန်စွာ ဖော်ပြရမည်ဖြစ်ပြီး ကနဦးပရီမီယံ ပေးသွင်းခြင်းအတွက် အဆိုလွှာအမှတ်ကို ဖော်ပြပေးရပါမည်။ မှန်ကန်သော ပေါ်လစီအမှတ်/အဆိုလွှာအမှတ်ကို ဖော်ပြခြင်း မရှိပါက Daiichi Life အနေဖြင့် ပရီမီယံပေးသွင်းမှုကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းကို လေးစားစွာ အသိပေးအပ်ပါသည်။
အသက်အာမခံဝယ်ယူသူအနေဖြင့် ပရီမီယံကို ကိုယ်တိုင် မပေးသွင်းဘဲ ကိုယ်စားပေးသွင်းမည်ဆိုပါက ထိုကိုယ်စားပေးသွင်းမည့်သူသည် မည်သူဖြစ်ကြောင်း (ဆွေမျိုးအရင်းအချာနှင့် အခြားသတ်မှတ်ထားသူများသာ ဖြစ်ရပါမည်) အသိပေးရပါမည်။ အကယ်၍ ကိုယ်စားပေးသွင်းသူသည် ဆွေမျိုးအရင်းအချာ မဟုတ်ပါက ‘ ပရီမီယံကိုယ်စားပေးသွင်းမည့်သူ၏ 'ဖွင့်ဟကြေညာလွှာ ’ ကို ဖြည့်စွက်ရမည် ဖြစ်ပြီး အကြောင်းပြချက်ကိုပါ တပါတည်း ဖော်ပြရပါမည်။