Daiichi Life

အကျိုးခံစားခွင့်တောင်းခံခြင်း

အကျိုးခံစားခွင့်တောင်းခံခြင်းဝန်ဆောင်မှုတိုင်းအတွက် ကျွန်တော်တို့ ဒိုင်အိချိမှ အမြဲအသင့်ရှိနေပါမည်။

Health Claims

အကျိုးခံစားခွင့် တောင်းခံသူ အနေဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့်တောင်းခံမှုများကို အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း Daiichi Life Myanmar သို့ ဆက်သွယ်တောင်းခံနိုင်ပါသည်။ 

  • Email us

    ပြည့်စုံစွာဖြည့်စွက်ထားသောကျန်းမာရေးအကျိုးခံစားခွင့်တောင်းခံလွှာများ၊ ဆေးမှတ်တမ်းများနှင့် ဘောင်ချာများကို healthclaim@daiichilife.com.mm သို့ ပူးတွဲပေးပို့၍ တောင်းခံနိုင်ပါသည်။

  • Download Form

    ကျန်းမာရေးအကျိုးခံစားခွင့်တောင်းခံလွှာအား ယခု လင့်ခ် မှတဆင့် ရယူနိုင်ပါသည်။

အွန်လိုင်းမှတစ်ဆင့်လွယ်ကူရိုးရှင်းစွာအကျိုးခံစားခွင့်တောင်းခံခြင်း
(ငွေသားပြန်လည်တောင်းခံသူများအတွက်)

လိုအပ်သောအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပြီး  အောက်ပါလင့်ခ် မှတစ်ဆင့် တောင်းခံနိုင်ပါသည်။  

ကျန်းမာရေးအကျိုးခံစားခွင့်တောင်းခံမှုနည်းလမ်းများအတွက် ဝန်ဆောင်မှုအကူအညီရယူလိုပါကလည်း သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များ (သို့မဟုတ်)   Hotline နံပါတ် + ၉၅၉ ၇၇၄ ၇၇၇ ၇၃၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။  

Common Exclusions

အာမခံအကျိုးခံစားခွင့် အကျုံးမဝင်သည့် အဖြစ်များသောကိစ္စရပ်များ

  • ရှိရင်းစွဲ ရောဂါအခြေအနေများနှင့် ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သော ရောဂါ အခြေအနေများ
  • စောင့်ဆိုင်းကာလ (ရက် ၃၀ နှင့် ရက် ၉၀)
  • ကိုယ်ဝန်ဆောင်ခြင်း ၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် သက်ဆိုင်သောဆေးကုသမှုများ
  • စိတ်ကျန်းမာရေးနှင့်ပတ်သက်သော ဆေးကုသမှုအခြေအနေများ
  • အရက် အလွန်အကျွံသောက်သုံးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် သက်ဆိုင်သော ဆေးကုသမှုများ
  • ဆေးကုသရန် မဟုတ်သော ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းများ
  • မတော်တဆမှုကြောင့် မဟုတ်သော သွားနှင့်ခံတွင်းကုသမှု ၊ မျက်စိစမ်းသပ်မှု ၊ ကုသမှု
  • ဆေးပညာအရ မလိုအပ်သည့် ကုသမှု (ဥပမာ။ ။ အလှအပဆိုင်ရာ၊ ကိုယ်အလေးချိန် လျှော့ချရန်၊ တိုးရန်)
  • အာမခံအကျိုးခံစားခွင့်မရရှိနိုင်သောကိစ္စများအားလုံးကို အသေးစိတ်ကြည့်နိုင်ရန် ယခု လင့်ခ်ကိုနှိပ်ပါ။

All Other Claims

အကျိုးခံစားခွင့် တောင်းခံသူ အနေဖြင့် အသက်အာမခံဆိုင်ရာ အကျိုးခံစားခွင့်တောင်းခံမှုများကို အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း Daiichi Life Myanmar သို့ ဆက်သွယ်တောင်းခံနိုင်ပါသည်။ 

  • Email us

    အသက်အာမခံအကျိုးခံစားခွင့်တောင်းခံမှုများကို တောင်းဆိုလိုသည့် အကျိုးခံစားခွင့်တောင်းခံလွှာနှင့်အတူ clm.team@daiichilife.com.mmသို့ ပူးတွဲပေးပို့၍ တောင်းခံနိုင်ပါသည်။

  • Download Form

    အကျိုးခံစားခွင့်တောင်းခံလွှာများအား ယခု လင့်ခ် မှ တဆင့် ရယူနိုင်ပါသည်။

အွန်လိုင်းမှတစ်ဆင့်လွယ်ကူရိုးရှင်းစွာအကျိုးခံစားခွင့်တောင်းခံခြင်း

သေဆုံးမှု၊ ထာဝစဥ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်တောင်းခံမှုကို  အောက်ပါလင့်ခ်မှတစ်ဆင့် တောင်းခံနိုင်ပါသည်။  

အကျိုးခံစားခွင့်တောင်းခံမှုနည်းလမ်းများအတွက် ဝန်ဆောင်မှုအကူအညီရယူလိုပါကလည်း သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များ (သို့မဟုတ်) ဒိုင်အိချိ၏  Customer Service Hotline နံပါတ် + ၉၅၉ ၈၈၀ ၄၄၃ ၀၀၃ တို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လိုအပ်သော စာရွက်စာတမ်းများ​

အကျိုးခံစားခွင့်တောင်းခံမှုများအားလုံးအတွက် ပြည့်စုံစွာ ဖြည့်စွက်ထားသော “အကျိုးခံစားခွင့်တောင်းခံလွှာ”နှင့်အတူ အသက်အာမခံလက်မှတ်မူရင်း

(Daiichi Life မှ တောင်းခံခဲ့လျှင်)၊ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို တင်ပြရန် လိုအပ်ပါသည်။

  • အသက်အာမခံထားသူကို ကုသသော အထူးကုဆရာဝန်က ထာဝစဉ် မသန်စွမ်းမှုဖြစ်ပွားကြောင်း ထောက်ခံသည့် ဆေးလက်မှတ်
  • ဆေးရုံဆေးခန်းမှ ဆေးမှတ်တမ်း
  • ကျန်းမာရေးဌာန သို့မဟုတ် ဆရာဝန်မှ ထုတ်ပေးသော သေစာရင်း
  • ဆေးရုံဆေးခန်းမှ ဆေးမှတ်တမ်း
  • အသက်အာမခံထားသူကို ကုသပေးသော ဆရာဝန်၏ ‌ထောက်ခံစာ ဆေးလက်မှတ် (သမားတော်/ခွဲစိတ်ဆရာဝန် သို့မဟုတ် အခြားသက်ဆိုင်ရာ အထူးကု ဆရာဝန်စသည်)
  • အသက်အာမခံထားသူ တက်ရောက်ကုသမှု ခံယူခဲ့သော ဆေးရုံ/ဆေးခန်းမှ ရယူရန် လိုအပ်သော စာရွက်စာတမ်းများ၊ အထူးကုဆရာဝန်၏ ထောက်ခံချက်များ
  • သက်ဆိုင်ရာ ဆေးခန်း/ဆေးရုံ/ဓါတ်ခွဲခန်း သို့မဟုတ် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း/ဌာနမှ ထုတ်ပေးသော ထောက်ခံချက်/ဆေးမှတ်တမ်း စာရွက်များ (လိုအပ်ပါက)
  • မူရင်း ဆေးကုသမှုစရိတ် ပြေစာများ (ဆေးကုသမှုစရိတ် ပြန်လည်တောင်းခံခြင်း အကျိုးခံစားခွင့်အတွက်)

အကျိုးခံစားခွင့်တောင်းခံလွှာများ

Cashless Claims

ပြည်တွင်းပြည်ပဆေးရုံများအတွက် ငွေသားမလိုဝန်ဆောင်မှုအတွက် အကျိုးခံစားခွင့်တောင်းခံခြင်း  

  • ငွေသားမလိုဝန်ဆောင်မှုရယူရန် Pre-admission Form အား ပြည့်စုံစွာဖြည့်စွက်၍ healthclaim@daiichilife.com.mm သို့ပူးတွဲပေးပို့၍ တောင်းခံနိုင်ပါသည်။

  • လိုအပ်သည့်အချက်အလက်များကိုပြည့်စုံစွာဖြည့်စွက်၍ အွန်လိုင်းမှတစ်ဆင့် Daiichi LOG Request Form လည်းတောင်းခံနိုင်ပါသည်။

  • ပြည်တွင်းဆေးရုံများအတွက် ဆေးရုံပြသမည့်အချိန်ကို ၂၄ နာရီထက် ကြိုတင်ချိန်းထားပါက LOG ကို နောက်တစ်နေ့တွင် ထုတ်ပေးပါမည်။ ဆေးရုံပြသမည့်အချိန်သည် ၂၄ နာရီအတွင်း ဖြစ်ပါက တစ်နေ့တည်းအတွင်း LOG ကို လျင်မြန်စွာ ထုတ်ပေးပါမည်။ အရေးပေါ်အခြေအနေများအတွက် LOG ကို (၃) နာရီအတွင်း ထုတ်ပေးမည်ဖြစ်ပြီး အရေးပေါ်မဟုတ်သည့် အခြေအနေများအတွက် (၆) နာရီအတွင်း ထုတ်ပေးပါမည်။

  • အကျိုးခံစားခွင့်တောင်းဆိုသူသည် Overseas Cashless Claims ဝန်ဆောင်မှုကို ရယူသည့်အခါတိုင်း ကုသမှု စရိတ်အပေါ်မူတည်၍ သတ်မှတ်ထားသော ဝန်ဆောင်ခ နှင့်အတူ နိုင်ငံခြားငွေလဲလှယ်နှုန်း ကွာခြားချက်ကိုလည်း ပေါ်လစီ၏ နှစ်စဉ်ကန့်သတ်ချက် ပမာဏမှ နုတ်ယူကောက်ခံမည် ဖြစ်ပါသည်။

  • ငွေသားမလို ဝန်‌ဆောင်မှုသည် Health Care ပေါ်လစီ ဝယ်ယူထားသူများအတွက်သာ အကျုံးဝင်ပါသည်။

ငွေသားမလို ဝန်ဆောင်မှု တောင်းခံနိုင်သောအကျိုးခံစားခွင့်များ

  • ဆေးရုံတက်ခြင်း အကျိုးခံစားခွင့်များ
  • ဆေးရုံဆင်းပြီး နောက်ဆက်တွဲ ကုသမှုနှင့် ရောဂါရှာဖွေ/ဓာတ်ခွဲခန်း ဝန်ဆောင်မှုများ (ဆေးရုံဆင်းပြီး ရက်ပေါင်း ၃၀ အတွင်း ကုသမှုများသာ)
  • ပြင်ပလူနာဌာနတွင် ပြသကုသမှု အကျိုးခံစားခွင့်များ (အစုအဖွဲ့ ကျန်းမာရေးအာမခံ ပေါ်လစီများအတွက်)
  • နေ့ခွဲစိတ်မှု
  • မတော်တဆမှုအတွက် အရေးပေါ်ပြင်ပလူနာဌာနတွင် ကုသမှု
  • မတော်တဆမှုအတွက် အရေးပေါ်ပြင်ပလူနာဌာနတွင် သွားနှင့်ခံတွင်း ကုသမှု
  • ပြင်ပလူနာဌာနတွင် ကျောက်ကပ်ဆေးခြင်း
  • ပြင်ပလူနာဌာနတွင် ကင်ဆာရောဂါ ကုသခြင်း

ကျန်းမာရေးအကျိုးခံစားခွင့်တောင်းခံမှုနည်းလမ်းများအတွက် ဝန်ဆောင်မှုအကူအညီရယူလိုပါကလည်း သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များ (သို့မဟုတ်) Hotline နံပါတ် + ၉၅၉ ၇၇၄ ၇၇၇ ၇၃၃ သို့ ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။   

ဆေးကုသမှုခံယူနိုင်မည့်ဆေးရုံများ

ငွေသားမလိုဝန်ဆောင်မှုအတွက် ပြည်တွင်းဆေးရုံများ၏ စည်းမျဉ်းစည်းကမ်းများကို ယခု လင့်ခ် တွင် ကြည့်ရှုနိုင်ပါသည်။