အကျိုးခံစားခွင့်တောင်းခံခြင်း
အကျိုးခံစားခွင့်တောင်းခံခြင်းဝန်ဆောင်မှုတိုင်းအတွက် ကျွန်တော်တို့ ဒိုင်အိချိမှ အမြဲအသင့်ရှိနေပါမည်။
Health Claims
အကျိုးခံစားခွင့် တောင်းခံသူ အနေဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့်တောင်းခံမှုများကို အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း Daiichi Life Myanmar သို့ ဆက်သွယ်တောင်းခံနိုင်ပါသည်။
Email us
ပြည့်စုံစွာဖြည့်စွက်ထားသောကျန်းမာရေးအကျိုးခံစားခွင့်တောင်းခံလွှာများ၊ ဆေးမှတ်တမ်းများနှင့် ဘောင်ချာများကို healthclaim@daiichilife.com.mm သို့ ပူးတွဲပေးပို့၍ တောင်းခံနိုင်ပါသည်။
Download Form
ကျန်းမာရေးအကျိုးခံစားခွင့်တောင်းခံလွှာအား ယခု လင့်ခ် မှတဆင့် ရယူနိုင်ပါသည်။
အွန်လိုင်းမှတစ်ဆင့်လွယ်ကူရိုးရှင်းစွာအကျိုးခံစားခွင့်တောင်းခံခြင်း
(ငွေသားပြန်လည်တောင်းခံသူများအတွက်)
လိုအပ်သောအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပြီး အောက်ပါလင့်ခ် မှတစ်ဆင့် တောင်းခံနိုင်ပါသည်။
ကျန်းမာရေးအကျိုးခံစားခွင့်တောင်းခံမှုနည်းလမ်းများအတွက် ဝန်ဆောင်မှုအကူအညီရယူလိုပါကလည်း သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များ (သို့မဟုတ်) Hotline နံပါတ် + ၉၅၉ ၇၇၄ ၇၇၇ ၇၃၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Common Exclusions
အာမခံအကျိုးခံစားခွင့် အကျုံးမဝင်သည့် အဖြစ်များသောကိစ္စရပ်များ
-
ရှိရင်းစွဲ ရောဂါအခြေအနေများနှင့် ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သော ရောဂါ အခြေအနေများ
-
စောင့်ဆိုင်းကာလ (ရက် ၃၀ နှင့် ရက် ၉၀)
-
ကိုယ်ဝန်ဆောင်ခြင်း ၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် သက်ဆိုင်သောဆေးကုသမှုများ
-
စိတ်ကျန်းမာရေးနှင့်ပတ်သက်သော ဆေးကုသမှုအခြေအနေများ
-
အရက် အလွန်အကျွံသောက်သုံးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် သက်ဆိုင်သော ဆေးကုသမှုများ
-
ဆေးကုသရန် မဟုတ်သော ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းများ
-
မတော်တဆမှုကြောင့် မဟုတ်သော သွားနှင့်ခံတွင်းကုသမှု ၊ မျက်စိစမ်းသပ်မှု ၊ ကုသမှု
-
ဆေးပညာအရ မလိုအပ်သည့် ကုသမှု (ဥပမာ။ ။ အလှအပဆိုင်ရာ၊ ကိုယ်အလေးချိန် လျှော့ချရန်၊ တိုးရန်)
-
အာမခံအကျိုးခံစားခွင့်မရရှိနိုင်သောကိစ္စများအားလုံးကို အသေးစိတ်ကြည့်နိုင်ရန် ယခု လင့်ခ်ကိုနှိပ်ပါ။
All Other Claims
အကျိုးခံစားခွင့် တောင်းခံသူ အနေဖြင့် အသက်အာမခံဆိုင်ရာ အကျိုးခံစားခွင့်တောင်းခံမှုများကို အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း Daiichi Life Myanmar သို့ ဆက်သွယ်တောင်းခံနိုင်ပါသည်။
Email us
အသက်အာမခံအကျိုးခံစားခွင့်တောင်းခံမှုများကို တောင်းဆိုလိုသည့် အကျိုးခံစားခွင့်တောင်းခံလွှာနှင့်အတူ clm.team@daiichilife.com.mmသို့ ပူးတွဲပေးပို့၍ တောင်းခံနိုင်ပါသည်။
Download Form
အကျိုးခံစားခွင့်တောင်းခံလွှာများအား ယခု လင့်ခ် မှ တဆင့် ရယူနိုင်ပါသည်။
အွန်လိုင်းမှတစ်ဆင့်လွယ်ကူရိုးရှင်းစွာအကျိုးခံစားခွင့်တောင်းခံခြင်း
သေဆုံးမှု၊ ထာဝစဥ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်တောင်းခံမှုကို အောက်ပါလင့်ခ်မှတစ်ဆင့် တောင်းခံနိုင်ပါသည်။
အကျိုးခံစားခွင့်တောင်းခံမှုနည်းလမ်းများအတွက် ဝန်ဆောင်မှုအကူအညီရယူလိုပါကလည်း သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များ (သို့မဟုတ်) ဒိုင်အိချိ၏ Customer Service Hotline နံပါတ် + ၉၅၉ ၈၈၀ ၄၄၃ ၀၀၃ တို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လိုအပ်သော စာရွက်စာတမ်းများ
အကျိုးခံစားခွင့်တောင်းခံမှုများအားလုံးအတွက် ပြည့်စုံစွာ ဖြည့်စွက်ထားသော “အကျိုးခံစားခွင့်တောင်းခံလွှာ”နှင့်အတူ အသက်အာမခံလက်မှတ်မူရင်း
(Daiichi Life မှ တောင်းခံခဲ့လျှင်)၊ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို တင်ပြရန် လိုအပ်ပါသည်။
- ထာဝစဉ် မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် တောင်းခံမှုအတွက်
-
အသက်အာမခံထားသူကို ကုသသော အထူးကုဆရာဝန်က ထာဝစဉ် မသန်စွမ်းမှုဖြစ်ပွားကြောင်း ထောက်ခံသည့် ဆေးလက်မှတ်
-
ဆေးရုံဆေးခန်းမှ ဆေးမှတ်တမ်း
- သေဆုံးမှု အကျိုးခံစားခွင့် တောင်းခံမှုအတွက်
-
ကျန်းမာရေးဌာန သို့မဟုတ် ဆရာဝန်မှ ထုတ်ပေးသော သေစာရင်း
-
ဆေးရုံဆေးခန်းမှ ဆေးမှတ်တမ်း
- ပြင်းထန်သော ရောဂါကုသမှု အကျိုးခံစားခွင့် /Active Care ပေါ်လစီအကျိုးခံစားခွင့် / ကျန်းမာရေး အကျိုးခံစားခွင့် (ဆေးကုသမှုစရိတ် ပြန်လည်တောင်းခံခြင်း အကျိုးခံစားခွင့်) တောင်းခံမှုအတွက်
-
အသက်အာမခံထားသူကို ကုသပေးသော ဆရာဝန်၏ ထောက်ခံစာ ဆေးလက်မှတ် (သမားတော်/ခွဲစိတ်ဆရာဝန် သို့မဟုတ် အခြားသက်ဆိုင်ရာ အထူးကု ဆရာဝန်စသည်)
-
အသက်အာမခံထားသူ တက်ရောက်ကုသမှု ခံယူခဲ့သော ဆေးရုံ/ဆေးခန်းမှ ရယူရန် လိုအပ်သော စာရွက်စာတမ်းများ၊ အထူးကုဆရာဝန်၏ ထောက်ခံချက်များ
-
သက်ဆိုင်ရာ ဆေးခန်း/ဆေးရုံ/ဓါတ်ခွဲခန်း သို့မဟုတ် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း/ဌာနမှ ထုတ်ပေးသော ထောက်ခံချက်/ဆေးမှတ်တမ်း စာရွက်များ (လိုအပ်ပါက)
-
မူရင်း ဆေးကုသမှုစရိတ် ပြေစာများ (ဆေးကုသမှုစရိတ် ပြန်လည်တောင်းခံခြင်း အကျိုးခံစားခွင့်အတွက်)
အကျိုးခံစားခွင့်တောင်းခံလွှာများ
သေဆုံးမှု၊ ထာဝစဥ်မသန်စွမ်းဖြစ်မှုအာမခံ အကျိုးခံစားခွင့်တောင်းခံလွှာ
ပြင်းထန်ရောဂါကုသမှုအာမခံ အကျိုးခံစားခွင့်တောင်းခံလွှာ
မတော်တဆမှုအာမခံ အကျိုးခံစားခွင့်တောင်းခံလွှာ (Daiichi Active Care)
ဆေးရုံတက်ရောက်ကုသမှု အကျိုးခံစားခွင့်တောင်းခံလွှာ (Daiichi LifeCARE)
Cashless Claims
ပြည်တွင်းပြည်ပဆေးရုံများအတွက် ငွေသားမလိုဝန်ဆောင်မှုအတွက် အကျိုးခံစားခွင့်တောင်းခံခြင်း
ငွေသားမလိုဝန်ဆောင်မှုရယူရန် Pre-admission Form အား ပြည့်စုံစွာဖြည့်စွက်၍ healthclaim@daiichilife.com.mm သို့ပူးတွဲပေးပို့၍ တောင်းခံနိုင်ပါသည်။
လိုအပ်သည့်အချက်အလက်များကိုပြည့်စုံစွာဖြည့်စွက်၍ အွန်လိုင်းမှတစ်ဆင့် Daiichi LOG Request Form လည်းတောင်းခံနိုင်ပါသည်။
ပြည်တွင်းဆေးရုံများအတွက် ဆေးရုံပြသမည့်အချိန်ကို ၂၄ နာရီထက် ကြိုတင်ချိန်းထားပါက LOG ကို နောက်တစ်နေ့တွင် ထုတ်ပေးပါမည်။ ဆေးရုံပြသမည့်အချိန်သည် ၂၄ နာရီအတွင်း ဖြစ်ပါက တစ်နေ့တည်းအတွင်း LOG ကို လျင်မြန်စွာ ထုတ်ပေးပါမည်။ အရေးပေါ်အခြေအနေများအတွက် LOG ကို (၃) နာရီအတွင်း ထုတ်ပေးမည်ဖြစ်ပြီး အရေးပေါ်မဟုတ်သည့် အခြေအနေများအတွက် (၆) နာရီအတွင်း ထုတ်ပေးပါမည်။
ငွေသားမလို ဝန်ဆောင်မှု တောင်းခံနိုင်သောအကျိုးခံစားခွင့်များ
-
ဆေးရုံတက်ခြင်း အကျိုးခံစားခွင့်များ
-
ဆေးရုံဆင်းပြီး နောက်ဆက်တွဲ ကုသမှုနှင့် ရောဂါရှာဖွေ/ဓာတ်ခွဲခန်း ဝန်ဆောင်မှုများ (ဆေးရုံဆင်းပြီး ရက်ပေါင်း ၃၀ အတွင်း ကုသမှုများသာ)
-
ပြင်ပလူနာဌာနတွင် ပြသကုသမှု အကျိုးခံစားခွင့်များ (အစုအဖွဲ့ ကျန်းမာရေးအာမခံ ပေါ်လစီများအတွက်)
-
နေ့ခွဲစိတ်မှု
-
မတော်တဆမှုအတွက် အရေးပေါ်ပြင်ပလူနာဌာနတွင် ကုသမှု
-
မတော်တဆမှုအတွက် အရေးပေါ်ပြင်ပလူနာဌာနတွင် သွားနှင့်ခံတွင်း ကုသမှု
-
ပြင်ပလူနာဌာနတွင် ကျောက်ကပ်ဆေးခြင်း
-
ပြင်ပလူနာဌာနတွင် ကင်ဆာရောဂါ ကုသခြင်း
ကျန်းမာရေးအကျိုးခံစားခွင့်တောင်းခံမှုနည်းလမ်းများအတွက် ဝန်ဆောင်မှုအကူအညီရယူလိုပါကလည်း သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များ (သို့မဟုတ်) Hotline နံပါတ် + ၉၅၉ ၇၇၄ ၇၇၇ ၇၃၃ သို့ ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆေးကုသမှုခံယူနိုင်မည့်ဆေးရုံများ
ငွေသားမလိုဝန်ဆောင်မှုအတွက် ပြည်တွင်းဆေးရုံများ၏ စည်းမျဉ်းစည်းကမ်းများကို ယခု လင့်ခ် တွင် ကြည့်ရှုနိုင်ပါသည်။