Daiichi Life

Keitaro Inoue

“ မြန်မာလူမျိုးများအတွက် ပိုမိုကောင်းမွန်တဲ့ဘဝနေထိုင်မှု တွေကိုရရှိစေဖို့ ကျွန်တော်တို့၏ ပြီးပြည့်စုံတဲ့ အာမခံအကာအကွယ်တွေကနေတဆင့် ငွေကြေးလုံခြုံမှုနဲ့ စိတ်အေးချမ်းသာမှုပေးစွမ်းနိုင်ရန်ကြိုးစားလျက်ရှိပြီး ကျွန်တော်တို့ရဲ့ အသက်အာမခံဝန်ဆောင်မှုများကို မြန်မာနိုင်ငံအနှံ့ ပေးစွမ်းကာ ခိုင်မာသော customer base ကိုလည်း တည်ဆောက်လျက်ရှိပါတယ်။

ကျွန်တော့်ရဲ့ Vision ကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ဘဝမှာ မသေချာမရေရာမှုတွေကို ထိထိ‌ရောက်ရောက်ကူညီလမ်းပြပေးနိုင်တဲ့ တွန်းအားတွေ၊ ယုံကြည်မှုတွေရှိလာနိုင်အောင် စွမ်းဆောင်ပေးဖို့ဖြစ်ပါတယ်။”

ကိုယ်ရေးရာဇဝင်

နိုင်ငံတကာအသက်အာမခံ‌အတွေ့အကြုံကောင်းများရှိသော Mr. Inoue သည် ယခုဆိုလျှင် Daiichi Life Myanmar တွင် Deputy Chief Executive Officer အဖြစ် လက်တွဲဦးဆောင်လျက်ရှိနေပါသည်။

Mr.Inoue သည် ၂၀၂၃ခုနှစ်မှစ၍ Vice Senior President အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး Corporate Planning အပါအဝင် အခြားသောသူ့၏ကျွမ်းကျင်မှုများသည် အဖွဲ့အစည်းအတွက် အထူးအကျိုးပြုနိုင်ခဲ့ပါသည်။ Mr. Inoue ၏ဦးဆောင်မှုအောက်မှာ ပိုမိုကောင်းမွန်တဲ့ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကိုတိုးချဲ့ပြီး ပေးအပ်နိုင်ဖို့အတွက် မဟာဗျူဟာတွေကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်ခဲ့ရုံသာမက လုပ်ငန်းလည်ပတ်နိုင်ဖို့ စီမံခန့်ခွဲခြင်း၊ ဘဏ္ဍာရေးအတွက် ကြီးကြပ်ကွပ်ကဲခြင်း၊ risk analysis နှင့် ကုမ္ပဏီတစ်ခုလုံးရဲ့ လုပ်ငန်းတည်တံ့ခိုင်မြဲမှု ရှိနေနိုင်ဖို့အတွက်လည်း အမြဲကြိုးပမ်းလျက်ရှိပါသည်။

Mr.Inoue သည် Daiichi Life တွင် ၂၀၀၃ ခုနှစ်မှ စတင်လုပ်ကိုင်ကာ ဂျပန်၊ အမေရိကန်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဩစတြေးလျ အစရှိတဲ့နိုင်ငံများတွင် များပြားလှတဲ့ တာဝန်မျိုးစုံဖြင့် ထူးထူးချွန်ချွန်လုပ်ကိုင်ခဲ့ပါသည်။ သူ၏ရာထူးသက်တမ်းတစ်လျှောက်လုံးတွင် ခေါင်းဆောင်မှုစွမ်းရည် နှင့် အာမခံနယ်ပယ်ကို သေချာနားလည်သဘောပေါက်မှုတွေက အားသာချက်များဖြစ်ပြီး မတူကွဲပြားတဲ့ နိုင်ငံတကာစီးပွားရေးနယ်ပယ်တွေ အားလုံးမှာ လုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိရာထူးမတိုင်ခင်တွင် Mr. Inoue သည် Corporate Planning, Strategic Investment, Capital Management, Policy Service Planning နှင့် Product Management စသည့် နယ်ပယ်များတွင် တာဝန်ယူဆောင်ရွက် ခဲ့သည်။

 Mr. Inoue သည် Master of Business Administration ကို NYU Stern School of Business မှရရှိခဲ့ပြီး Bachelor of Arts in Sociology ကိုလည်း University of Tokyo တွင်ပြီးမြောက်အောင်မြင်ခဲ့သည်။