Daiichi Life

Donation of Masks and Medicines

Daiichi Life Myanmar မှ လူမှုအဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်နှင့် ဘဝနေထိုင်မှုပုံစံများ ရရှိနိုင်စေရန် ရည်ရွယ်လျက် ပရဟိတလူမှုအကျိုးပြု အဖွဲ့အစည်းဖြစ်သည့် Japan Heart သို့ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကို ၂၀၂၁ မှာ ထပ်မံလှူဒါန်းခဲ့ပါသည်။

ထိုလှူဒါန်းမှုများမှ ရှမ်းပြည်နယ်တောင်ပိုင်းရွာငံဒေသရှိ ဒေသခံလူမှုအဖွဲ့အစည်းအတွက် ကျန်းမာရေးစောင့်‌ရှောက်မှုများ ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၇,၀၀၀ နှင့် လူငယ်များအတွက် IT နည်းပညာ နှင့် အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် Japan Heart အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Dream Train Child Development Center သို့ အမေရိကန် ဒေါ်လာ ၂,၀၀၀ နှင့် အခြားသောလိုအပ်တဲ့ အကူအညီများကို ပေးအပ်ခဲ့ပါသည်။

ကျွန်တော်တို့ Daiichi Life Myanmar ၏ “People First” ဆိုသည့် ခံယူချက်အတိုင်း ဝန်ထမ်းများကို အလေးထားဂရုစိုက်ရုံမက လူမှုအဖွဲ့အစည်းတွေအတွက်ပါ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။