Daiichi Life

Entrepreneurs of Tomorrow (Business Opportunity Seminar)

Daiichi Life Myanmar မှ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ရည်ရွယ်သည့် “Entrepreneurs of Tomorrow” စီးပွားရေးဆိုင်ရာ အခွင့်အလမ်းဆွေးနွေးပွဲကို ဇွန်လ ၁၁ရက်၊ ၂၀၂၂ခုနှစ်တွင် Novotel Hotel ၏ Pathein Ballroom တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ထိုဆွေးနွေးပွဲတွင် Daiichi Life Myanmar နှင့်အတူ အသက်အာမခံလုပ်ငန်းကို စတင်လုပ်ကိုင်လိုသူများအတွက် အလားအလာကောင်းသော မြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအကြောင်း ၊ စိန်ခေါ်မှုများ နှင့် စီးပွားရေးအခွင့်အလမ်းများအကြောင်းကို ဆွေးနွေးသွားခဲ့ပါသည်။ ဒါ့အပြင် အသက်အာမခံလုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုများရရှိထားသော ကျွန်တော်တို့ရဲ့ စီးပွားရေးမိတ်ဖက်များမှလည်း အသက်အာမခံ၏အရေးပါမှုများ၊ Customer များ၏ အနာဂတ်အတွက် စိတ်အေးချမ်းလုံခြုံမှုကို ရရှိစေရန် ဝန်ဆောင်မှုပေးရခြင်းကြောင့် အသက်အာမခံလုပ်ငန်းသည် မွန်မြတ်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း နှင့် ကြိုးစားပြီး အောင်မြင်မှုကိုရယူခဲ့ပုံများ လုပ်ငန်းအတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။

ကျွန်တော်တို့ Daiichi Life Myanmar အနေနဲ့ “People First” ဆိုတဲ့ စံသတ်မှတ်ချက်တစ်ခုကို လက်ကိုင်ထားကာ မြန်မာပြည်သူပြည်သားများ၏ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ကောင်းမွန်တဲ့လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ပြီး အသက်အာမခံဝန်ဆောင်မှုများနှင့် စီးပွားရေးအခွင့်အလမ်းများကို အကောင်းဆုံးပံ့ပိုးပေးလျက်ရှိပါသည်။