ကျွန်တော်တို့ Daiichi Life Myanmar မှ ကမ္ဘာ့ထိပ်တန်း MDRT အဖွဲ့အစည်း၏ အသင်းဝင်ဖြစ်ရန် သတ်မှတ်ထားသော Target ပြည့်မှီသည့် Business Partner နှင့် Financial Planner များ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။ MDRT (Million Dollar Round Table) ဆိုသည်မှာ အမေရိကန်နိုင်ငံမှာ ၁၉၂၇ ခုနှစ်မှ စတင်ကာ ငွေကြေးဆိုင်ရာ အတိုင်ပင်ခံများမှ စုပေါင်းတည်ထောင်ခဲ့သည့် ကမ္ဘာ့ထိပ်တန်း ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူများ စုဖွဲ့ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
အခုလိုအောင်မြင်မှုရရှိနေကြသော Business Partner များနှင့်အတူ Star Achievers Club မှ Diamond ၊ Gold နှင့် Silver Qualifier တို့ကို ဂုဏ်ပြုသည့်အထိမ်းအမှတ်ဖြင့် ကျွန်တော်တို့ Daiichi Life Myanmar မှ “Stronger & Bolder with total CARE” event ကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် Pan Pacific Yangon ၌ ကျင်းပပြုလုပ်ခဲ့ပြီး Customer များအတွက် အပြည့်အဝဂရုစိုက်နိုင်မယ့် total CARE အကြောင်းကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ Daiichi Life မှ Financial Planner များအားလုံးကိုလည်း ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် MDRT ၏ အသိအမှတ်ပြုအဖွဲ့ဝင်များဖြစ်လာစေဖို့အတွက် ဆက်လက်ပံ့ပိုးကူညီသွားမှာပဲဖြစ်ပါသည်။







