ကျွန်တော်တို့ Daiichi Life Myanmar ရဲ့ အသက်အာမခံဝန်ဆောင်မှုများကို ရှမ်းပြည်နယ်အတွင်း သတ်မှတ်ထားသော ကမ္ဘောဇဘဏ်ခွဲများတွင်လည်း ရရှိနိုင်ပြီဖြစ်ပါသည်။
ကျွန်တော်တို့ရဲ့ မိတ်ဖက်ပါတနာ တစ်ဦးဖြစ်သော ကမ္ဘောဇဘဏ်၏ တောင်ကြီး၊ လားရှိုး နှင့် အခြားရှမ်းပြည်နယ်အတွင်း မြို့များရှိ သတ်မှတ်ထားသောဘဏ်ခွဲများမှ တဆင့် Daiichi Life ရဲ့ အသက်အာမခံဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ရန် ရည်ရွယ်လျက် Daiichi Life နှင့် ကမ္ဘောဇဘဏ်တို့ ၏ management team နှင့် ဘဏ်ခွဲတာဝန်ခံများ တွေ့ဆုံပွဲ ကို တောင်ကြီးမြို့ကမ္ဘောဇဘဏ်ခွဲ၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
အခုလို ကျွန်တော်တို့ Daiichi Life ရဲ့ နှစ်ပေါင်း ၁၂၁ ကျော် အသက်အာမခံလုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ အကောင်းဆုံး Bancassurance service (Daiichi Life ရဲ့ အသက်အာမခံဝန်ဆောင်မှု) တွေကို ကျွန်တော်တို့ရဲ့ မိတ်ဖက်ပါတနာ ကမ္ဘောဇဘဏ် ရဲ့ ဘဏ်ခွဲများမှ တဆင့် မြန်မာတစ်နိုင်ငံလုံးတွင်ပေးအပ် သွားနိုင်ဖို့ကို စီစဥ်ထားရှိပါသည်။



