ကျွန်တော်တို့ Daiichi Life Myanmar မှ စစ်ကိုင်းမြို့ ဝါးချက်ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ လစဥ်ပြုလုပ်နေကြဖြစ်သော ခွဲစိတ်ကုသမှုအစီအစဥ်များတွင်လည်းပံ့ပိုးကူညီမှုများပြုလုပ်ပေးခဲ့ပြီး Child Development Center Dream Train ရှိ ကျောင်းသားကျောင်းသူများအတွက်လည်း ဗီတာမင်အစုံပါဝင်သောအားဆေး၊ ဗီတာမင်စီ၊ Hand Sanitizer နှင့် ခြင်နိုင်ဆေး တို့ကို ထပ်မံလှူဒါန်းပေးခဲ့ပါသည်။
ကျွန်တော်တို့ Daiichi Life Myanmar မှ အားလုံးအတွက် စိတ်ချလုံခြုံပြီး ပိုမိုကောင်းမွန်သည့် အနာဂတ် နှင့် ဘဝနေထိုင်မှုပုံစံများ ရရှိစေရန်ရည်ရွယ်လျက် လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါသည်။





