Daiichi Life

“ဒိုင်အိချိနဲ့အမြဲအတူ ဆုတွေယူ” Lucky Draw Campaign

ကျွန်တော်တို့ Daiichi Life Myanmar မှ “ဒိုင်အိချိနဲ့အမြဲအတူ ဆုတွေယူ” ဆိုတဲ့ ကံစမ်းမဲအစီအစဥ်ကို customer များထံသို့ ယူဆောင်လာပါပြီ။ ထိုအစီအစဥ်ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အတွင်း ကျွန်တော်တို့ Daiichi Life Myanmar ရဲ့ အသက်အာမခံဝန်ဆောင်မှုများကို ရယူထားပြီး အာမခံပရီမီယံ ငွေပေးချေမှုပုံစံ (၁)နှစ် (သို့မဟုတ်)  (၆)လတစ်ကြိမ်ပေးချေမှု ဖြင့် ပထမဆုံးပေးချေမှု (initial premium) ၅ သိန်း ပြည့်သူတိုင်းပါဝင်နိုင်မှာဖြစ်ပြီး ကံထူးသူများအနေနဲ့ ဂျပန်၊ ဘာလီ နှင့် ဘန်ကောက်ခရီးစဥ်များ ၊ Samsung S series/iPhone ဖုန်းများ၊ Samsung Tablet ၊ iPad၊ Apple watch၊ Samsung Galaxy Watch  များအပြင် အခြားသော gift set များစွာကို ကံထူးနိုင်မှာပဲဖြစ်ပါတယ်။

အစီအစဥ်ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ ဒီလင့်ခ် မှတစ်ဆင့် https://bit.ly/3ukT2hq စာရင်းပေးသွင်းနိုင်သလို ကျွန်တော်တို့ရဲ့ Customer Service Hotline နံပါတ် +၉၅ ၉၇ ၇၈၈၀ ၇၀၀၀ သို့မဟုတ် chat box မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။


စည်းမျဥ်းစည်းကမ်းများ

  1. ယခု Lucky Draw Program အစီအစဥ် သည် Daiichi Life Myanmar မှ စီစဥ်ကျင်းပပြီး အစီအစဥ်ကာလမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁) ရက် မှ ဒီဇင်ဘာလ (၃၁) ရက် ထိ ဖြစ်ပါသည်။
  2. ယခုအစီအစဥ်ကို ပါဝင်သူများသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁) ရက် မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်( နောက်ဆုံးပေါ်လစီ issue လ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ရက်) အတွင်း Daiichi Life Insurance Myanmar ၏ အသက်အာမခံတစ်ခုခုကို (Daiichi Life Pro, Daiichi Health CARE, Daiichi Active Care, Htar-Wa-Ra Edu Goal, Daiichi Credit Life) ဝယ်ယူထားရမည်။
  3. ပေါ်လစီတစ်စောင်လျှင် အာမခံပရီမီယံငွေပေးချေမှုပုံစံ (၁)နှစ် (သို့မဟုတ်) (၆)လတစ်ကြိမ်ပေးချေမှု ဖြင့် ပထမဆုံးပေးချေမှု( initial premium) ၅ သိန်း ပြည့်မှု တိုင်းအတွက် ကံစမ်းမဲလက်မှတ် (၁)စောင်ရရှိမည်။
  4. အစီအစဥ်တွင်ပါဝင်သူသည် ပထမသုံးလပတ်၏ကံထူးရှင်ဖြစ်ပြီးသော်လည်း နောက်သုံးလပတ်များ၏ကံထူးရှင်ထပ်မံဖြစ်ရန်အခွင့်အရေးရှိနိုင်ပါသည်။
  5. ဇန်နဝါရီလ မှ မတ်လ အတွင်းပေါ်လစီဝယ်ယူပါက ကံစမ်းမဲ(၁)စောင်ကို ၄ ကြိမ်ကံစမ်းခွင့်၊ ဧပြီလ မှ ဇွန်လ အတွင်းပေါ်လစီဝယ်ယူပါက (၃)ကြိမ်ကံစမ်းခွင့်၊ ဇူလိုင်လ မှ စက်တင်ဘာလ အတွင်းပေါ်လစီဝယ်ယူပါက (၂) ကြိမ်ကံစမ်းခွင့်၊ အောက်တိုဘာလ မှ ဒီဇင်ဘာလ အတွင်းပေါ်လစီဝယ်ယူပါက (၁)ကြိမ်ကံစမ်းခွင့်တို့ကို ရရှိမှာဖြစ်ပြီး ကံထူးရှင်များကို သုံးလတစ်ကြိမ် ရွေးချယ်သွားမည်ဖြစ်သည်။
  6. ယခုအစီအစဥ်တွင် ဝန်ထမ်းလျှော့စျေး များဖြင့် ဝယ်ယူထားသောမိတ်ဖက်ပါတနာများ၏ဝန်ထမ်းများ ၊ Daiichi Life ၏ အမြဲတမ်းဝန်ထမ်းများ၏ ပေါ်လစီများနှင့် သေဆုံးခြင်း၊ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းတို့အတွက် လျော်ကြေးတောင်းခံပြီးသောပေါ်လစီများအကျုံးမဝင်ပါ။
  7. ပျက်ပြယ်သွားသောပေါ်လစီ (Lapsed Policy) (သို့မဟုတ်) ရပ်စဲလိုက်သောပေါ်လစီ (Surrendered Policy) တို့သည် ယခုအစီအစဥ်တွင် ပါဝင်နိုင်မည်မဟုတ်ပါ။
  8. သုံးလပတ်တိုင်းတွင် ကံစမ်းမဲအနိုင်ရရှိသူများ ရွေးချယ်မည့်အစီအစဥ်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၊ ၂၀၂၄ ခုနှစ်  ဒီဇင်ဘာလ ၊ ၂၀၂၅ ခုနှစ် မတ်လ  အသီးသီးတို့တွင် ကျင်းပမည် ဖြစ်ပါသည်။
  9. ကံထူးရှင်များကို Daiichi Life Facebook Page တွင် ကြေငြာမည်ကိုနားလည်သိရှိလက်ခံပြီးဖြစ်ရပါမည်။
  10. Daiichi Life Myanmar သည် ယခုအစီအစဥ်နှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်း နှင့် ကန့်သတ်ချက်များကို ကြိုတင်အသိပေးအကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲ၊ ရုပ်သိမ်းနိုင်သည်ကို ကံစမ်းမဲပါဝင်သူများ အနေဖြင့် သိရှိလက်ခံထားပြီး ဖြစ်ရပါမည်။
  11. ယခုအစီအစဥ်နှင့်စပ်လျဥ်း၍ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Daiichi Life Myanmar ၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ကြောင်း သိရှိလက်ခံပြီးဖြစ်ရပါမည်။


ကံစမ်းမဲကံထူးရှင် အတွက် စည်းမျဥ်းစည်းကမ်းများ

  1. ကံထူးရှင်သည် ဆုကို မယူပါက ငွေသားနှင့် လဲလှယ်နိုင်မည်မဟုတ်ပါ။
  2. ကံထူးရှင်များအားကြေငြာပြီးနောက်(၁၄)ရက်အတွင်းတွင် ကံထူးရှင်ဘက်မှ ကံစမ်းမဲပေါက်သည့်အကြောင်းသိရှိကြောင်း Daiichi Life Myanmar သို့ဆက်သွယ်အသိပေးရမည်။
  3. ဆုလက်ဆောင်လက်ခံထုတ်ယူရန်အတွက် Daiichi Life Myanmar မှစီစဥ်ပေးမည်ဖြစ်သည်။
  4. ကံထူးရှင် သည် ကံစမ်းမဲပေါက်သည့်ခရီးမသွားဖြစ်ပါက ဆုကို အခြားလူကို လွဲပြောင်းပေးနိုင်ပါသည်။ (သွားရမည့်နေရာနှင့် ခရီး အစီအစဥ်သည်ပြောင်းလဲမည်မဟုတ်ပါ။)
  5. ခရီးစဥ်ကံထူးရှင်သည် ရန်ကုန်မြို့ပြင်ပတွင်နေထိုင်သူဖြစ်ပါက ခရီးစဥ်အတွက် ရန်ကုန်မြို့သို့လာရောက်မည့်စရိတ်ကို ကိုယ်ကိုယ်တိုင် ကျခံရမည်ဖြစ်သည်။
  6. ခရီးစဥ်များအတွက် အသွားအပြန်လေယာဥ်လက်မှတ်ကိုစီစဥ်ပေးပြီး ဆုတစ်ဆုစီအတွက် နှစ်ယောက်ခန်းတစ်ခန်းစီစဥ်ပေးမည်ဖြစ်ပါသည်။
  7. ခရီးသွားရမည့်ကာလသည် ကံထူးရှင်ဖြစ်ကြောင်းကြေငြာပြီးသည့်နောက် (၆)လအတွင်းဖြစ်ပါသည်။
  8. ဗီဇာလျှောက်ထားခြင်း၊ ပတ်စ်ပို့စ်သက်တမ်းတိုးခြင်း နှင့် ခရီးသွားအာမခံထားရှိခြင်းတို့ကို ကံထူးရှင်ကိုယ်တိုင် နှင့်အဖော်လိုက်ပါသူတို့ကိုယ်တိုင် လုပ်ဆောင်ရမည်ဖြစ်သည်။