Daiichi Life

Daiichi LifeCARE အာမခံဆိုင်ရာ စကားလုံး အဓိပ္ပာယ်များ

ပရီမီယံများ

ပရီမီယံတွင် Target Premium နှင့် Excess Premium ဟူ၍ နှစ်မျိုးရှိသည်-
Target Premium – အသက်အာမခံထားသူ၏ အသက်၊ ကျား/မနှင့် အာမခံထားငွေအပေါ် မူတည်၍ အာမခံဝယ်ယူသူမှ ပေးသွင်းရမည့် အကာအကွယ်ပေး ပရီမီယံ
Excess Premium – Target Premium ထက် ကျော်လွန်၍ အာမခံဝယ်ယူသူမှ ပေးသွင်းနိုင်သော ငွေစု ပရီမီယံ။ Excess Premium ကို ပုံမှန် ပေးသွင်းနိုင်သကဲ့သို့ အလျဉ်းသင့်သလို လည်း ပေးသွင်းနိုင်ပါသည်။

ခွဲဝေလိုက်သော ပရီမီယံ

Allocation Charge ကို နုတ်ယူပြီးနောက် အတိုးရရှိရန်နှင့် Policy Account Value တိုးပွားလာစေရန် ထည့်သွင်းသော ပရီမီယံ အချိူးအစား။

ပေါ်လစီငွေကြေးတန်ဖိုး

အခကြေးငွေများနှင့် အသုံးစရိတ်များကို နုတ်ယူပြီးနောက် အတိုးနှင့်တကွ ထည့်သွင်းလိုက်သော ပရီမီယံများမှ တိုးပွားလာသော ပမာဏ။

အာမခံအကာအကွယ်အတွက် ပေးချေရမည့်အခကြေးငွေ

အာမခံအကာအကွယ်ပေးရန် Policy Account Value ထဲမှ လစဉ် နုတ်ယူသော အခကြေးငွေ။

ပေါ်လစီ စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်

ပေါ်လစီအား စီမံခန့်ခွဲရန် Policy Account Value ထဲမှ လစဉ် နုတ်ယူသော အခကြေးငွေ။

ပရီမီယံပုံမှန်ပေးသွင်းမှုအတွက် ရရှိသောဆုငွေ

ပရီမီယံများ အချိန်မှီ ပုံမှန်ပေးသွင်းပါက Policy Account Value ထဲသို့ အပိုထပ်ပေါင်းပေးသွင်းသောပမာဏ။

ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိသောအကျိုးအမြတ်

Daiichi Life က ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိသော အကျိုးအမြတ်များကို Policy Account Value ထဲသို့ ထည့်သွင်းပေးမည် ဖြစ်သည်။ Crediting interest rate သည် Daiichi Life မှ အာမခံပေးသော နှုန်းထက် မလျော့နည်းဘဲ ရရှိပါမည်။

ပြန်အမ်းငွေထုတ်ယူခြင်း

ပေါ်လစီတစ်ခုလုံးမှ ပြန်အမ်းငွေ ထုတ်ယူလျှင် (သို့) ပမာဏအချို့အား ထုတ်ယူလျှင် နုတ်ယူမည့် အခကြေးငွေ။

ပေါ်လစီချေးငွေ

အာမခံဝယ်ယူသူမှ Policy Account Value မှ ပေါ်လစီချေးငွေအဖြစ် တောင်းဆိုနိုင်သည်။

ကျန်းမာရေးဆေးစစ်မှု အပိုဆု

ကျန်းမာရေး ဆေးစစ်မှု အစီရင်ခံစာ တင်ပြပေးပို့နိုင်မှုအပေါ် မူတည်၍ အခြေခံပေါ်လစီ၏ အာမခံထားငွေကို ၂၀% အထိ ထပ်တိုးပေးမည် ဖြစ်သည်။

ဆေးလိပ်မသောက်သူများအတွက် အပိုဆု

ဆေးလိပ်မသောက်သောသူများအတွက် အခြေခံပေါ်လစီ၏ အာမခံထားငွေကို ၁၀% အပိုထပ်ဆောင်း၍ ပေးအပ်မည် ဖြစ်သည်။

ပြန်အမ်းငွေအကျိုးခံစားခွင့်

အာမခံဝယ်ယူသူသည် ပေါ်လစီပြန်အမ်းငွေကို တောင်းဆိုခွင့်ရှိပြီး Surrender Charge ကို နုတ်ယူပြီးနောက် Policy Account Value ထဲတွင်ကျန်ရှိသော ပမာဏကို ရယူနိုင်ပါသည်။ အာမခံပေါ်လစီကို စောစီးစွာရပ်စဲပါက ကုန်ကျစရိတ်မြင့်မားပြီး ပြန်အမ်းငွေပမာဏသည်လည်း စုစုပေါင်း ပေးသွင်းထားသော ပရီမီယံပမာဏအောက် လျော့နည်းပါသည်။

ပမာဏအချို့ ထုတ်ယူခြင်း

ပေါ်လစီနှစ် (၅) နှစ်မြောက်မှ စတင်၍ အာမခံဝယ်ယူသူသည် Policy Account Value မှ ပမာဏအချို့ကို ထုတ်ယူသုံးစွဲခွင့် ရှိသည်။

နှစ်ပြည့်အကျိုးခံစားခွင့်

အာမခံပေါ်လစီ သက်တမ်းစေ့သည့်အခါ အသက်အာမခံထားသူ သက်ရှိထင်ရှားရှိသေးပါက ထိုအချိန်ရှိ Policy Account Value ကို ပေးအပ်ပါမည်။