Daiichi Life

Insurance Initiative of the Year – Myanmar

ကျွန်တော်တို့ Daiichi Life Myanmar မှ 2024 ခုနှစ်အတွက် Insurance Asia Awards ချီးမြှင့်အပ်နှင်းသောအဖွဲ့အစည်းကြီးမှ အယ်ဒီတာများ၏ ရွေးချယ်ခြင်းအရ  “Insurance Initiative of the Year- Myanmar “  ဆုကိုရရှိခဲ့ပြီး  Daiichi Life Cambodia မှလည်း “International Life Insurer of the Year – Cambodia” ဆုကိုရရှိခဲ့ပါကြောင်းဂုဏ်ယူဝမ်းမြောက်စွာကြေညာရင်း ဇူလိုင်လ(၉)ရက်နေ့ စင်ကာပူနိုင်ငံတွင် ကျွန်တော်တို့  Daiichi Life မြန်မာနှင့် ကမ္ဘောဒီးယားမှ ဆုအတူလက်ခံရရှိခဲ့သည့်ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါသည်။

ကျွန်တော်တို့ Daiichi Life Myanmar မှ အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဘဝများကိုဖန်တီးပေးနိုင်ရန် အမြဲကြိုးစားလျက်ရှိပြီး ကျွန်တော်တို့၏စံသတ်မှတ်ချက်ဖြစ်သည့် “We Care, We Do What’s Right, We Innovate” ဆိုသည့်အတိုင်း လူမှုအဖွဲ့အစည်းအတွက်လည်း ပိုမိုသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်စေရန် အစဥ်အမြဲလက်တွဲပြီး ဂရုစိုက်ပံ့ပိုးပေးလျက်ရှိပါသည်။ 

ယခုဆုကိုရရှိခြင်းသည် ကျွန်တော်တို့ Daiichi Life Myanmar မှ တစ်ဦးတစ်ယောက်စီတိုင်း၏ကြိုးစားအားထုတ်မှုရလဒ်များဖြစ်ပြီး ထိုမှတစ်ဆင့်ကောင်းမွန်သောအာမခံဝန်ဆောင်မှုများကို မြန်မာနိုင်ငံအနှံ့ပေးစွမ်းနိုင်ခဲ့ရုံသာမက တိုးတက်ခိုင်မာတဲ့ အေဂျင်စီကိုတည်ဆောက်နိုင်ခဲ့ခြင်း၊ အကြီးမားဆုံး Bancassurance အာမခံဝန်ဆောင်မှု network ကိုလည်း တည်ဆောက်နိုင်ခဲ့ခြင်းတို့အပြင် အာမခံဝန်ဆောင်မှုများကိုအကောင်းဆုံးပေးစွမ်းရန် ဆန်းသစ်သောနည်းပညာများဖြင့် POS အပ်ပလီကေးရှင်းကိုလည်းအသုံးပြုပြီး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့သော ကြိုးစားအားထုတ်မှုများကြောင့်ဖြစ်ပါသည်။ ရှေ့ဆက်ပြီးတော့လည်း ယခုထက်သာလွန်ကောင်းမွန်သောဝန်ဆောင်မှုများကို ကျွန်တော်တို့ ၏  Financial Planner များ၊ ဘဏ်မိတ်ဖက်ပါတနာများမှတစ်ဆင့် ပေးစွမ်းနိုင်ရန်လည်း စဥ်ဆက်မပြတ်ဆက်လက်ကြိုးစားသွားပါမည်။