Daiichi Life

Star Awards 2024

ကျွန်တော်တို့ Daiichi Life Myanmar မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် MDRT အဖွဲ့ဝင်များ၊ Elite Star Leader များ၊ Star Leader များ၊ Star Achievers Club ရဲ့ Diamond၊ Platinum၊ Gold၊ Silver အဖွဲ့ဝင်များရဲ့ ၂၀၂၃ ခုနှစ်အတွက် ထင်ရှားပေါ်လွင်တဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုဖို့ ရည်ရွယ်ပြီး “Star Awards 2024” အခမ်းအနားကို Wyndham Grand Hotel ၌ ကျင်းပခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွင်း  Motivation အပြည့်၊ အားအင်သစ်တွေအပြည့်နဲ့ ရည်မှန်းချက်များစွာကို အကောင်အထည်ဖော်နိုင်ခဲ့ကြသော  Star Achievers အဖွဲ့ဝင်များ၏ အောင်မြင်မှုမှတ်တိုင်များအတွက် ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး  အသိအမှတ်ပြုဂုဏ်ပြုစကားများလည်းပြောကြားခဲ့ပါသည်။ ဒါ့အပြင် မနှစ်ကထက် ပိုမိုများပြားတဲ့ MDRT Qualifier များလည်း ထပ်မံပေါ်ထွက်လာခဲ့တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါသည်။

၂၀၂၄ ခုနှစ်မှာလည်း ယခုထက်ပိုမိုသာလွန်တဲ့ အောင်မြင်မှုတွေမှတ်တိုင်တွေနဲ့အတူ စိတ်အေးချမ်းသာစေမယ့် ကာကွယ်မှုများကို ပိုမိုပေးနိုင်ဖို့အတွက် ခွန်အားအပြည့်နဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်ရန် ကြိုးစားသွားပါမည်။