ကျွန်တော်တို့ Daiichi Life Myanmar နဲ့အတူ လက်တွဲလုပ်ကိုင်လျက်ရှိတဲ့ မိတ်ဖက်ပါတနာများဖြစ်တဲ့ MOB ဘဏ် နှင့် ကမ္ဘောဇဘဏ်များ၏ customer များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ခဲ့သော Financial Advisor များရဲ့ အောင်မြင်မှုများကို အသိအမှတ်ပြုဂုဏ်ပြုတဲ့အနေဖြင့် “Prestige Club Award Ceremony” ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် Pan Pacific Hotel ၌ ကျင်းပဖြစ်ခဲ့ပါသည်။
ပွဲမှာ ကျွန်တော်တို့မိတ်ဖက်ပါတနာများရဲ့ လက်တွဲမှု အသီးအပွင့်ရလဒ်များဖြစ်သော Prestige Club Member ဝင်များအားလုံးရဲ့အောင်မြင်မှုများအတွက် ဆုများပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုစကားများလည်း ပြောကြားခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ အောင်မြင်မှုတွေကို ဝေမျှခဲ့ကြပါသည်။ အခုလိုမျိုးရလဒ်ကောင်းတွေရရှိလာအောင် အဓိကပံ့ပိုးကူညီပေးသော ကျွန်တော်တို့ မိတ်ဖက်ပါတနာဘဏ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
လာမယ့်နှစ်တွေမှာလည်း ကျွန်တော်တို့ Daiichi Life Myanmar မှ ပါတနာဘဏ်များနဲ့အတူ Customer များအတွက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုပေးနိုင်ပြီး အောင်မြင်မှုတွေနဲ့ ပိုကောင်းမွန်တဲ့ Partnership များကို တည်ဆောက်သွားမည်ဖြစ်ပါသည်။





