အာမခံ အကျိုးခံစားခွင့် မရရှိနိုင်သော ကိစ္စရပ်များ
အောက်ဖော်ပြပါ အကြောင်းကိစ္စ တစ်ရပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော ဖြစ်ရပ်တစ်ခုအတွက် Daiichi Life မှ အာမခံ အကျိုးခံစားခွင့်များကို ပေးအပ်မည်မဟုတ်ပါ။ သို့သော် မမှန်မကန် မှားယွင်းစွာ တင်ပြထားခြင်း မရှိခဲ့ပါက အာမခံအကျိုးခံစားခွင့် တောင်းခံချိန်တွင် Daiichi Life သည် ပေးသွင်းပြီး ပရီမီယံစုစုပေါင်းကို ရရှိခဲ့ဖူးသော အကျိုးခံစားခွင့်ပမာဏများကို နုတ်၍ ပြန်လည်ထုတ်ပေးသွားပါမည်။
အထွေထွေ ကိစ္စရပ်များ
၁။ အသက်အာမခံထားသူမှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော ရှိရင်းစွဲရောဂါ အခြေအနေများ (ဤအချက်အလက်များကို Daiichi Life မှ သိရှိပါက အာမခံ မပေးရန် ဆုံးဖြတ်နိုင်သည့် အခြေအနေများ) သို့မဟုတ် ထုတ်ဖော်ပြောကြားခဲ့သော်လည်း Daiichi Life မှ ဤပေါ်လစီအား အာမခံလက်ခံဆောင်ရွက်သည့်အချိန်တွင် လက်မခံခဲ့သော ရှိရင်းစွဲရောဂါ အခြေအနေများ၊ သို့မဟုတ်
၂။ အာမခံပေါ်လစီသက်တမ်းမတိုင်မီကာလ သို့မဟုတ် ပြန်လည်တည်မြဲအောင်ပြုလုပ်ခြင်းမတိုင်ခင် ဆေးရုံတက်ခဲ့လျှင် ယင်းတက်ရောက်ခဲ့သော ကာလအတွက် အသက်အာမခံထားသူ ကုန်ကျသော ကုန်ကျစရိတ်များအားလုံး၊ သို့မဟုတ်
၃။ အသက်အာမခံထားသူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ မည်သို့ပင် ရှိစေကာမူ ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့် သေဆုံးခြင်း၊ မိမိကိုယ်ကို အဆုံးစီရင်ခြင်း၊ သို့မဟုတ်
၄။ အသက်အာမခံထားသူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ မည်သို့ပင် ရှိစေကာမူ ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့် ဆေးရုံတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများ၊ သို့မဟုတ်
၅။ အသက်အာမခံထားသူ၊ အာမခံဝယ်ယူသူ (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူ (များ) သည် ရာဇဝတ်မှု ကျူးလွန်ခြင်း၊ သို့မဟုတ် အသက်အာမခံထားသူ အဖမ်းခံရခြင်း/ ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ သို့မဟုတ် ဆေးရုံတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများမှ ကုန်ကျသော ကုန်ကျစရိတ်များ၊ သို့မဟုတ်
၆။ အသက်အာမခံထားသူသည် စစ်တပ်၊ ရဲ သို့မဟုတ် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခြင်း နှင့် စစ်ပွဲတွင် ပါဝင်ခြင်း သို့မဟုတ် ရာဇဝတ်မှု နှိမ်နင်းရေးတွင် ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်သော သေဆုံးခြင်း၊ သို့မဟုတ် ဆေးရုံတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများမှ ကုန်ကျသော ကုန်ကျစရိတ်များ၊ သို့မဟုတ်
၇။ အသက်အာမခံဝယ်ယူချိန်တွင် မိမိသိရှိနေသော်လည်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော ရောဂါဖြစ်ခြင်းကြောင့် သေဆုံးခြင်း၊ သို့မဟုတ် ဆေးရုံတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများမှ ကုန်ကျသော ကုန်ကျစရိတ်များ၊ သို့မဟုတ်
၈။ အာမခံပေါ်လစီသက်တမ်းမတိုင်မီကာလ သို့မဟုတ် ပြန်လည်တည်မြဲအောင်ပြုလုပ်ခြင်းမတိုင်ခင် ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော၊ ထုတ်ဖော်ပြောကြားခဲ့သော်လည်း Daiichi Life မှ လက်မခံခဲ့သော ရောဂါဖြစ်ခြင်းကြောင့် သေဆုံးခြင်း၊ သို့မဟုတ် ဆေးရုံတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများမှ ကုန်ကျသော ကုန်ကျစရိတ်များ၊ သို့မဟုတ်
၉။ အသက်အာမခံထားသူမှ လိုင်စင်ဖြင့် ပြေးဆွဲနေသော ကူးသန်းရောင်းဝယ်ရေးသုံး လေယာဉ်အား အခကြေးငွေပေး၍ စီးနင်းလိုက်ပါခြင်းမှအပ အခြားလေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါခြင်းကြောင့် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ သို့မဟုတ် ဆေးရုံတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများမှ ကုန်ကျသော ကုန်ကျစရိတ်များ၊ သို့မဟုတ်
၁၀။ အသက်အာမခံထားသူသည် ရေငုပ်ခြင်း၊ တောင်တက်ခြင်း၊ လေထီးခုန်ခြင်း၊ မြန်နှုန်းမြင့်ပြိုင်ပွဲများ (ကားပြိုင်ပွဲ၊ ဆိုင်ကယ်ပြိုင်ပွဲ စသဖြင့်) သို့မဟုတ် အခြားကန့်သတ်ထားခြင်းမရှိသော ပရော်ဖက်ရှင်နယ် အားကစားလှုပ်ရှားမှုများ သို့မဟုတ် မပေါက်ကွဲသေးသော ဗုံးလက်နက်များ ရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့် အာမခံ ဝယ်ယူချိန်တွင် ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော သို့မဟုတ် ထုတ်ဖော်ပြောကြားခဲ့သော်လည်း Daiichi Life မှ ဤပေါ်လစီအား အာမခံလက်ခံဆောင်ရွက်သည့် အချိန်တွင် လက်မခံခဲ့သော အန္တရာယ်ရှိသော အားကစား လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ သို့မဟုတ် ဆေးရုံတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများမှ ကုန်ကျသော ကုန်ကျစရိတ်များ၊ သို့မဟုတ်
၁၁။ စစ်ပွဲ သို့မဟုတ် စစ်ပွဲကဲ့သို့ ပဋိပက္ခများ၊ ကျူးကျော်မှုများ၊ နိုင်ငံခြားတိုင်းပြည်များ၏ လုပ်ရပ်များ၊ ရန်သူ၏ လုပ်ရပ်များ (စစ်ကြေငြာချက် ပါသည်ဖြစ်စေ၊ မပါဘဲဖြစ်စေ)၊ ပြည်တွင်းစစ်များ၊ သောင်းကျန်းမှုများ၊ တော်လှန်ရေးများ၊ အဓိကရုဏ်းများ၊ စစ်တပ်အာဏာပိုင်များမှ ဝင်ရောက်စွက်ဖက်မှုများ သို့မဟုတ် အနိုင်ကျင့်မှုများကြောင့် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ သို့မဟုတ် ဆေးရုံတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများမှ ကုန်ကျသော ကုန်ကျစရိတ်များ။
ဆေးကုသမှုဆိုင်ရာ ကိစ္စရပ်များ
၁။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) အပါအဝင် HIV ပိုး (သို့မဟုတ်) HIV ပိုးနှင့်ဆက်နွယ်သည့် မည်သည့်ရောဂါမဆိုကြောင့် ဖြစ်ပေါ်သော (သို့မဟုတ်) ၎င်းတို့နှင့် သက်ဆိုင်သော သေဆုံးခြင်း (သို့မဟုတ်) ဆေးရုံတက်ကုသခြင်း၊ ဆေးရုံ၊ ဆေးခန်း၊ သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များ၊ သို့မဟုတ်
၂။ တည်ဆဲဥပဒေများတွင် ဖော်ပြပါရှိသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို သုံးစွဲခြင်း သို့မဟုတ် အရက်အလွန်အကျွံ သောက်သုံးခြင်း သို့မဟုတ် အရက်မူးပြီး ကားမောင်းခြင်းမှ ဖြစ်ပေါ်သော သေဆုံးခြင်း (သို့မဟုတ်) ဆေးရုံတက်ကုသခြင်း၊ ဆေးရုံ၊ ဆေးခန်း၊ သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များ၊ သို့မဟုတ်
၃။ ကိုယ်ဝန်ဆောင်ခြင်း၊ အငှားကိုယ်ဝန်ဆောင်ခြင်း၊ ဖန်ပြွန်သန္ဓေသားဖြင့် ကိုယ်ဝန်ဆောင်ခြင်း (IVF)၊ ဗိုက်ခွဲ၍ ကလေးမွေးဖွားခြင်း၊ သဘာဝအရပုံမှန်ကလေးမွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် ၎င်းတို့ထဲမှ တစ်ခုခုကြောင့် ဖြစ်ပွားသော (သို့မဟုတ်) ၎င်းတို့နှင့် သက်ဆိုင်သော သေဆုံးခြင်း (သို့မဟုတ်) ဆေးရုံတက်ကုသခြင်း၊ ဆေးရုံ၊ ဆေးခန်း၊ သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များ၊ သို့မဟုတ်
၄။ စောင့်ဆိုင်းကာလအတွင်း ဖြစ်ပွားသော ဖြစ်ရပ်(များ)ကြောင့် ဖြစ်ပွားသော (သို့မဟုတ်) ၎င်းတို့နှင့် သက်ဆိုင်သော သေဆုံးခြင်း (သို့မဟုတ်) ဆေးရုံတက်ကုသခြင်း၊ ဆေးရုံ၊ ဆေးခန်း၊ သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များ၊ သို့မဟုတ်
၅။ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ရောဂါ နာမကျန်းမှု၊ စိုးရိမ်စိတ် သို့မဟုတ် အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများကြောင့် သေဆုံးခြင်း သို့မဟုတ် ဆေးရုံတက်ကုသခြင်း၊ ဆေးရုံ၊ ဆေးခန်း၊ သို့မဟုတ် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များ၊ သို့မဟုတ်
၆။ ဆေးဘက်ဆိုင်ရာ/ခွဲစိတ်ကုသမှု နှင့်/သို့မဟုတ် ဆေးကုသရန် မလိုအပ်သော ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း။ ကြိုတင်စီစဉ်ထားသော ခွဲစိတ်မှုများနှင့်/သို့မဟုတ် ကြိုတင်စီစဉ်ထားသော ခွဲစိတ်မှုများကြောင့် ဆေးရုံတက်ကုသခြင်း/ ဆေးခန်း/ ဓာတ်ခွဲခန်း ဝန်ဆောင်မှုများအတွက် Daiichi Life သည် သက်ဆိုင်ရာအထူးကု(များ)ထံမှ ဒုတိယထင်မြင်ချက်ကို ရယူပိုင်ခွင့်ရှိသည်၊ သို့မဟုတ်
၇။ အသက်အာမခံထားသူသည် လက်ရှိတွင် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုအတွက် ကုသမှုကို ခံယူနေပါက သို့မဟုတ် ပေါ်လစီ စတင်သည့်နေ့မတိုင်မီ သို့မဟုတ် နောက်ဆုံးပေါ်လစီ ပြန်လည်တည်မြဲသည့်နေ့မတိုင်မီ ဖြစ်ပေါ်သော စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု လက္ခဏာများ ပြသနေပါက၊ သို့မဟုတ်
၈။ ဆေးစစ်ရန်နှင့် အနားယူရန် ဆေးရုံတက်ခြင်း၊ သို့မဟုတ်
၉။ ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါစစ်ခြင်း၊ အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း၊ အနားယူကုသမှုများနှင့် ပြန်လည်နာလန်ထူလာခြင်း အပါအဝင် အနားယူအားဖြည့်ခြင်း (convalescence care)၊ သို့မဟုတ်
၁၀။ မှတ်ပုံတင်ထားသော ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်းမဟုတ်သော ကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် ကုသမှု၊ သို့မဟုတ်
၁၁။ သားဖွားမီးယပ်ကုသမှုနှင့် သားကြောဖြတ်ကုသမှုနှင့် သက်ဆိုင်သည့် ဆေးရုံတက်ကုသခြင်း သို့မဟုတ် မည်သည့် ဆေးရုံ/ဆေးခန်း/ဓာတ်ခွဲခန်း ဝန်ဆောင်မှုများမဆို၊ သို့မဟုတ်
၁၂။ မတော်တဆမှုကြောင့်မဟုတ်သော သွားနှင့်ခံတွင်း ခွဲစိတ်မှုနှင့် ကုသမှု၊ သို့မဟုတ်
၁၃။ မတော်တဆမှုကြောင့်မဟုတ်သော မျက်စိ စမ်းသပ်ခြင်း၊ ခွဲစိတ်မှုနှင့် ကုသမှု၊ သို့မဟုတ် ကုသမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို ကုသမှု၊ သို့မဟုတ်
၁၄။ မတော်တဆမှုကြောင့် လိုအပ်သော ပြန်လည်အစားထိုး ပြုပြင်ခွဲစိတ်မှုများမှ အလှအပဆိုင်ရာခွဲစိတ်မှု သို့မဟုတ် ကုသမှု၊ သို့မဟုတ် ကုသမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို ကုသမှု၊ သို့မဟုတ်
၁၅။ မွေးရာပါရောဂါများ သို့မဟုတ် မည်သည့် မွေးရာပါ ချို့ယွင်းချက်များမဆို၊ သို့မဟုတ်
၁၆။ အဝလွန်ခြင်းကုသမှု၊ သို့မဟုတ်
၁၇။ အာရုံကြောချို့ယွင်းမှုများ၊ အာရုံကြောဆိုင်ရာရောဂါများ၊ အိပ်စက်မှုမမှန်ခြင်းများ၊ အိပ်မပျော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ၊ စိုးရိမ်စိတ်၊ စိတ်ရောဂါပြဿနာများ၊ တစ်ကိုယ်ရည်မူမမှန်သည့် စိတ်အခြေအနေမတည်ငြိမ်မှုများ၊ စကားပြောပုံမမှန်ခြင်း၊ အော်တစ်ဇင်၊ စိတ်ဖိစီးမှု၊ အစားအသောက်မမှန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် အာရုံစူးစိုက်မှု အားနည်းသောရောဂါ (ADHD)၊ သို့မဟုတ်
၁၈။ ဆေးကုသရန် မလိုအပ်သည့် အရာအားလုံး (အသက်အာမခံထားသူကို စစ်ဆေးရန်နှင့် အာမခံလျော်ကြေး တောင်းဆိုမှုနှင့် စပ်လျဉ်း၍ အသက်အာမခံထားသူ ပြသနေသော ဆရာဝန်(များ)ထံမှ မည်သည့်သက်ဆိုင်သည့် အချက်အလက်များကိုမဆို ရယူနိုင်ရန် Daiichi Life မှ ဆရာဝန်(များ)ကို ခန့်အပ်ခွင့်ရှိသည်)၊ သို့မဟုတ်
၁၉။ မည်သည့် လိမ်လည်တောင်းဆိုမှုမဆို၊ သို့မဟုတ်
၂၀။ Telemedicine မှတစ်ဆင့် ဆေးကုသမှုခံယူခြင်းမှလွဲ၍ အွန်လိုင်းမှတစ်ဆင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ခြင်း (ဆေးရုံမတက်မီနှင့် ဆေးရုံဆင်းပြီး ကုသခြင်းအတွက် (တူညီသောအကြောင်းရင်းတစ်ခုအတွက်ကြောင့်သာဖြစ်ရမည်) မှတ်ပုံတင်ထားသော ဆေးဘက်ဆိုင်ရာဆရာဝန်(များ)ထံမှ တိုင်ပင်ဆွေးနွေးမှုရယူခြင်း) ၊ သို့မဟုတ်
၂၁။ မူရင်းစာရွက်မဟုတ်သော ဆေးစစ်ချက် သို့မဟုတ် ဓာတ်ခွဲခန်း ပြေစာများအားလုံး၊ သို့မဟုတ်
၂၂။ မတူညီသော အာမခံကုမ္ပဏီများတွင် တောင်းဆိုသော စုစုပေါင်းအကျုံးဝင်သည့် အာမခံလျော်ကြေးပမာဏသည် အမှန်တကယ် ကုသင့်သည့် အကျုံးဝင်သော ကုန်ကျစရိတ်ထက် ကျော်လွန်ခြင်း (Daiichi Life သို့မဟုတ် အခြား မည်သည့် အာမခံကုမ္ပဏီများတွင်မဆို အာမခံပေါ်လစီအများအပြားကို ဝယ်ယူထားသည့်အခါ)၊ သို့မဟုတ်
၂၃။ Daiichi Life မှ သတ်မှတ်ထားသော အာမခံအကျိုးခံစားခွင့် မရရှိနိုင်သည့် အခြားကိစ္စရပ်(များ)။