Daiichi Life

DAIICHI LIFE
လူမှုရေးဆောင်ရွက်ချက်များ

ပိုမိုကောင်းမွန်သောလူမှုပတ်ဝန်းကျင်ကို ဖန်တီးခြင်းနဲ့အတူ  ကာစတန်မာများ၊ လူမှုအဖွဲ့အစည်းများ၊ နှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျွန်တော်တို့သည် ကုမ္ပဏီ၏လုပ်ဆောင်မှုအခြေခံမူများ (“DSR Charter”) ကို လက်ခံကျင့်သုံးနေပါသည်။ “DSR” သည် “Daiichi’s Social Responsibility” ဖြစ်ပြီး ကုမ္ပဏီနှင့် သက်ဆိုင်သူအားလုံးအတွက် လူထုအကျိုးပြုလုပ်ငန်းတာဝန်များတွင် စဉ်ဆက်မပြတ်တိုးတက်လာစေရန် ချမှတ်ထားသော လမ်းညွှန်ချက် Framework တစ်ခုဖြစ်ပါသည်။

ကျွန်တော်တို့ Daiichi Life Myanmar သည် Daiichi Life Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင်လုပ်ငန်းဆောင်ရွက်မှုများကို စတင်သည့်အချိန်မှစ၍ Japan Heart Association ၏ Child Development Centre Dream Train အတွက် ပညာရေးဆိုင်ရာ အထောက်အကူများနှင့် သင်ကြားရေး အစီအစဉ်များ လှူဒါန်းပေးခြင်းအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများသို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များလှုဒါန်းပေးခြင်းစသည့် လူထုအကျိုးပြုပရောဂျက်များကိုလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် Covid-19 ရောဂါဖြစ်ပွားသောကာလအတွင်း ကာစတန်မာများအတွက် ထပ်ဆောင်းငွေကြေးဆိုင်ရာ အကာအကွယ်များပေးရန်အတွက် ကျွန်တော်တို့သည် “Daiichi People First Fund” နှင့် “DSR ရန်ပုံငွေ” တို့ကို စီစဥ်ထားရှိခဲ့ပါသည်။ ဒါ့အပြင် Covid-19 ရောဂါကို ကာကွယ်သည့်အနေဖြင့် Daiichi Life Myanmar သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များ လှူဒါန်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

Daiichi Life Myanmar သည် “Daiichi’s Social Responsibility” DSR လှုပ်ရှားမှုများမှတစ်ဆင့် ကာစတန်မာများနှင့် သူတို့၏ချစ်ခင်ရသူများအား ကျန်းမာရေးနှင့် စိတ်အေးချမ်းသာရမှုကို အကာအကွယ်ပေးနိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်မိပါသည်။ ကျွန်တော်တို့သည် လူမှုအသိုင်းအဝန်းအား ဆက်လက်အကျိုးပြုကူညီသွားမည်ဖြစ်ပြီး ကာစတန်မာများ၏ လိုအပ်နေသောပံ့ပိုးမှုများအားလည်း နည်းလမ်းအားလုံးဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမည်ဖြစ်သည် ။

Free Surgical Treatments for Children with Cleft Lips and Palates

4th Anniversary Celebration at Child Development Centre Dream Train

Donation of Masks at Child Development Centre Dream Train

LEGO Engineering Course at Child Development Centre Dream Train

120 Years Anniversary Tree Planting Activities