Daiichi Life

120 Years Anniversary Tree Planting Activities

Daiichi Life Group ၏ နှစ်ပေါင်း (၁၂၀) ပြည့် အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေမည့် သီးပင်စားပင် (၁၂၀) ပင် ကို မှော်ဘီမြို့နယ် ရှိ Myanmar Agape Orphanage တွင် ကျွန်တော်တို့ Daiichi Life Myanmar မှ Business Partnerများ၊ Financial Planner များ၊ ဝန်ထမ်းများ စုစုပေါင်း (၁၂၀) ဦးတို့နှင့် အတူ Myanmar Agape Orphanage မှ ကလေးငယ်များက ပါ အတူတကွပူးပေါင်းပါဝင်ပြီး စိုက်ပျိုးဆင်နွှဲခဲ့ကြပါသည်။

ကျွန်တော်တို့ Daiichi Life Group အနေဖြင့် “ People First” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျွန်တော်တို့ ရောက်ရှိနေတဲ့နေရာဒေသရဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် အစဥ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခု (၁၂၀) ပြည့်နှစ် မှ စ၍ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည့် အစီအစဥ်များ၊ အသိပညာပြန့်ပွားရေးဆောင်ရွက်မှုများ ဖြင့် ကျွန်တော်တို့ရဲ့အနာဂတ်တွေကို ဂရုစိုက်စောင့်ရှောက်မှုများ ဆက်လက် လုပ်ဆောင်သွားကြအုံးမှာပဲ ဖြစ်ပါသည်။