Daiichi Life

121st Celebration at Child Development Centre Dream Train

Daiichi Life Group ရဲ့ (၁၂၁) နှစ်ပြည့် အထိမ်းအမှတ်ကိုဆင်နွှဲသည့်အနေဖြင့် ကျွန်တော်တို့ management team နှင့် ဝန်ထမ်းများ မှ Child Development Centre Dream Train ကို သွားရောက်ခဲ့ကာ ကလေးငယ်များနှင့် တွေ့ဆုံပြီး ပျော်ရွှင်စရာ ဂိမ်းတွေကို အားလုံးနဲ့တူတူ ဆော့ကစားခဲ့ကြပါသည်။

 

Child Development Centre Dream Train မှ အလယ်တန်းအဆင့်ရှိသော လူငယ်များက Daiichi Life မှ ပံ့ပိုးပေးသော ပြီးခဲ့တဲ့ နွေရာသီမှာ သင်ယူခဲ့ကြတဲ့ Digital Storytelling နှင့် အခြားသော တီထွင်ဖန်တီးမှုတိုးတက်စေမည့် အကြောင်းအရာများ စတာတွေကို ပြန်လည်တင်ဆက်ခဲ့ကြပြီး  Daiichi Life ၏ Managementမှ  team မှ လူငယ်များအားလုံးကို ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပါသည်။

 

ဒါ့အပြင် လူငယ်များနဲ့အတူ အဖွဲ့လိုက် မောင်ကံထူးပုံတူစက္ကူခေါက်ခြင်း နှင့် မောင်ကံထူးပဟေဠိဂိမ်းများ ဆော့ကစားခဲ့ကြပြီး အနိုင်ရရှိသောအဖွဲ့များကို ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Canvas တွေပေါ်မှာ လက်ဆွဲပန်းချီများကို အတူတူရေးဆွဲခဲ့ကြပြီး နေ့လည်စာထမင်းဘူးများကို‌ဝေပေးခဲ့ကာ တစ်ရက်တာကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါသည်။

 

Daiichi Life Myanmar ရဲ့ “People First” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မျိုးဆက်သစ်လူငယ်များကို ကူညီပံ့ပိုးပေးပြီး ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်ပေါ်လာစေရန် အကျိုးပြုလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါသည်။