ကျွန်တော်တို့ Daiichi Life Myanmar ဟာ လူတိုင်းအတွက် ယုံကြည်အားထားရတဲ့ အသက်အာမခံ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လာခဲ့တာ မကြာခင်မှာပဲ (၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါသည်။
(၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အထိမ်းအမှတ်အနေဖြင့် Child Development Center Dream Train ရှိ ကျောင်းသားကျောင်းသူများအတွက် နေ့လည်စာထမင်းဘူးများလှူဒါန်းပေးခဲ့ပါသည်။
(၄)နှစ်ပြည့်မှစ၍ နောင်နှစ်များအထိ အားလုံးအတွက် ကျန်းမာရေး၊ လူမှုရေး နှင့် ငွေကြေးအရ စိတ်ချလုံခြုံပြီး ပိုမိုကောင်းမွန်သည့် အနာဂတ် နှင့် ဘဝနေထိုင်မှုပုံစံများ ရရှိစေရန်ကြိုးစားသွားမှာဖြစ်သလို လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမှာလို့ ကတိပြုရင်း (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုလိုက်ပါသည်။