Daiichi Life

5th Anniversary Celebration

ကျွန်တော်တို့ Daiichi Life Myanmar () နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုဝင်ဘာလ (၂၂) ရက်နေ့ Sedona Hotel Yangon တွင် ကျွန်တော်တို့အားထားရသော Financial Planner များ၊ Business Partner များ၊ Daiichi Life Group Senior Executives များနဲ့အတူ အောင်မြင်စွာကျင်းပခဲ့ပါသည်။ 

အခမ်းအနားတွင် ကျွန်တော်တို့ Daiichi Life Myanmar CEO ဒေါ်ဇာခြည်တင် မှ () နှစ်တာခရီးလမ်းဖြတ်သန်းခဲ့ပုံများကို ဝေမျှပေးခဲ့ပြီး Daiichi Life Group မှဖိတ်ကြားထားသောဧည့်သည်တော်များမှလည်း ဂုဏ်ပြုစကားများချီးမြှင့်ကာ () နှစ်ပြည့်နှစ်ပတ်လည်ကို ရန်ကုန်တွင်သာမက မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ ပုသိမ် နှင့် မြိတ်မြို့မှ Financial Plannerများ အားလုံးနဲ့အတူ online မှ Live ဆင်နွှဲခဲ့ကြပါသည်။ ဒါ့အပြင် (၅) နှစ်ပြည့်နှစ်ပတ်လည်နေ့ကိုပုံဖော်ထားသော ဗီဒီယိုကိုလည်းရှုစားကာ မြန်မာဂျပန်ရိုးရာအကအလှများ၊ ဖျော်ဖြေမှုများဖြင့် တင်ဆက်ခဲ့ပါသည်။

(၅) နှစ်ပြည့်နှစ်ပတ်လည်မှသည် ကျွန်တော်တို့နဲ့ အမြဲအတူရှိခဲ့ပေးကြတဲ့ ကာစတမ်မာများ၊ ဘဏ်မိတ်ဖက်ပါတနာကြီးများ၊ Business Partner များနဲ့ Financial Planner များကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားရင်း နောက်နှစ်ပေါင်းများစွာထိ စိတ်အေးချမ်းသာစေမယ့် ကာကွယ်ဂရုစိုက်မှုတွေကို ပိုမိုပေးစွမ်းနိုင်အောင်ကြိုစားသွားမည်ဖြစ် ကြောင်း ကတိကဝတ်ပြုလိုက်ပါသည်။။