ကျွန်တော်တို့ Daiichi Life Myanmar မှ Financial Planner များ၊ Partner များနှင့် မိသားစုဝင်များရဲ့ ကျန်းမာရေးကို အလေးထားဂရုစိုက်သောအားဖြင့် WELLNESS BY DAIICHI LIFE ဆိုသည့် ၃လတာကြာမြင့်မည့် Agency Wellness Program ကို မိတ်ဆက်ခဲ့ပြီး မတ်လ ၁၃ ရက်၊ ၂၀၂၂ခုနှစ်တွင် ပထမဆုံး Fitness Event အား COVID-19 ရဲ့ ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ပါသည်။
ဒါ့အပြင် WELLNESS BY DAIICHI LIFE program ပြီးဆုံးသော အထိမ်းအမှတ်အနေနဲ့ ဇွန်လ ၁၉ရက်၊ ၂၀၂၂ခုနှစ်တွင် Novotel Hotel ၌ “Wellness Meet & total CARE” event ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး ဒီအထိမ်းအမှတ်ပွဲတွင် Business Partner များ၊ Financial Planner များနှင့်အတူ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး Zumba၊ Cardio နှင့် Yoga စတဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို အတူတူ ဆင်နွှဲခဲ့ကြပါသည်။
ကျွန်တော်တို့ Daiichi Life Myanmar အနေနဲ့ “People First” ဆိုတဲ့ စံသတ်မှတ်ချက်တစ်ခုကို လက်ကိုင်ထားပြီး ဝန်ထမ်းများ၊ Business Partner များနဲ့ မိသားစုဝင်တွေအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာစေရန် နဲ့ ကောင်းမွန်တဲ့လူမှုပတ်ဝန်းကျင်ကို တည်ဆောက်ပြီး မြန်မာပြည်သူပြည်သားများအားလုံး အနာဂတ်တွင် စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန် အစဥ် ဦးတည်ကာ ဆောင်ရွက်လျက်ရှိပါသည်။



