ကျွန်တော်တို့ Daiichi Life Myanmar မှ “Aspire, Achieve, Accelerate” အခမ်းအနားကို MDRT များ၊ Star Achiever များ၊ Star Leader များ၊ Financial Planner များနှင့်အတူ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် Park Royal Hotel ၌ ခမ်းနားစွာကျင်းပပြုလုပ်ခဲ့ပါသည်။
ပွဲတွင် ကျွန်တော်တို့ Star Achiever များအတွက် ၂၀၂၄ ခုနှစ် တစ်နှစ်တာလုံး၏ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုရလဒ်များကို ဂုဏ်ပြုပေးခဲ့ပြီး ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ရည်မှန်းချက်တွေ၊ စိတ်လှုပ်ရှားစရာအစီအစဥ်သစ်တွေကိုဝေမျှပေးကာ MDRT Qualifier များမှလည်း သူတို့ရဲ့ အတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေကို အားလုံးနဲ့အတူ မျှဝေပေးခဲ့ပါသည်။
ကျွန်တော်တို့ Daiichi Life Myanmar ရဲ့ Financial Planner များ နှင့် Business Partner များကို ပိုမိုတိုးတက် အောင်မြင်ပြီး နှစ်သစ်မှာ ခွန်အားအပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့အတွက် “Aspire, Achieve, Accelerate” အခမ်းအနားနဲ့ နှစ်သစ်ကိုစတင်ရင်း ပွဲရဲ့ပုံရိပ်အချို့ကိုလည်း ဝေမျှပေးလိုက်ပါသည်။




