Daiichi Life Myanmar မှ လူမှုအဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်နှင့် ဘဝနေထိုင်မှုပုံစံများ ရရှိနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ရုံသာမက လူငယ်များအတွက် IT နည်းပညာ နှင့် အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန် Japan Heart အဖွဲ့အစည်း၏ Dream Train Child Development Center ရှိ မူလတန်း မှ အလယ်တန်းအဆင့်ရှိသော လူငယ်များအား (၆) ပတ်ခန့် ကြာမြင့်သော Basic+ Advanced Programming(LEGO Engineering Course) သင်တန်းများပို့ချပေးခဲ့ပြီး Certificate များနှင့် ဆုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဒါ့အပြင် ပရဟိတ လူမှုအကျိုးပြု အဖွဲ့အစည်း ဖြစ်သည့် Japan Heart သို့ Covid-19 ကာကွယ်စေရန် အဓိက အခြေခံကျသော နှာခေါင်းစည်း Mask အခုရေ ၂၀၀၀၀ ကို လည်းထပ်မံပြီး လှူဒါန်းခဲ့ပါသည်။ Daiichi Life Myanmar၏ “People First” ဆိုသည့် ခံယူချက်အတိုင်း ဝန်ထမ်းများကို အလေးထားဂရုစိုက်ရုံမက လူမှုအဖွဲ့အစည်း ရဲ့ အနာဂတ်တွေအတွက်ပါ အကျိုးပြုလုပ်ငန်းများ ဂရုတစိုက်ဆက်လက်လုပ်ဆောင်လျက်ရှိသွားမှာဖြစ်ပါသည်။








