Daiichi Life

Eco Action Relay: “ Connect and Motivate Each Other” Campaign​

ကျွန်တော်တို့ Daiichi Life Myanmar ရဲ့  ၂၀၂၂ ခုနှစ်အတွက် Eco Action Relay အစီအစဥ်အနေနဲ့ “ Connect and Motivate Each Other” ဆိုတဲ့ Campaign ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အောင်မြင်စွာ လုပ်ဆောင်ပြီးစီးနိုင်ခဲ့ပါသည်။ ဒီ Campaign ကနေတစ်ဆင့် ရုံးတွင်းမှာသာမက ကိုယ့်ပတ်ဝန်းကျင်အတွင်းမှာပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ဆောင်နိုင်စေခဲ့တဲ့အပြင် Daiichi Life Myanmar ရဲ့ ဝန်ထမ်းများအချင်းချင်း အဖွဲ့အစည်းစိတ်ဓာတ် ပိုမိုခိုင်မာလာစေခဲ့ပြီး ဌာနအချင်းချင်း အဖွဲ့လိုက်ချိတ်ဆက်လုပ်ဆောင်မှုများ ပိုမိုတိုးတက်လာစေခဲ့ပါသည်။ ထို့အပြင် Campaign ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ Connect and Motivate Each Other – အချင်းချင်းပူးပေါင်းချိတ်ဆက်ပြီး စိတ်ခွန်အားပေးခြင်းကိုလည်း စိတ်ဝင်စားဖွယ်ကောင်းသော တီထွင်ကြံဆမှုများဖြင့် လုပ်‌ဆောင်ခဲ့ကြပါသည်။ ​ဒီ Campaign တွင်​

(၁) ပလတ်စတစ်နှင့် စက္ကူအသုံးပြုမှုလျှော့ချခြင်း၊ ​

(၂) ရေနှင့် လျှပ်စစ် ချွေတာအသုံးပြုခြင်း နှင့် ​

(၃) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများ ဝေမျှခြင်း အစရှိသည်တို့ကို အဓိကထားစုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။