မန္တလာမြေမှ မိတ်ဆွေများအတွက် စိတ်အေးချမ်းလုံခြုံတဲ့အနာဂတ်တွေကို ဖန်တီးပေးနိုင်ရန် ကျွန်တော်တို့ Daiichi Life Myanmar မှ မန္တလေးရုံးခွဲသစ် နှင့် customer များအတွက် Daiichi Life Experience Centre ကို အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ business partner များ၊ customer များနှင့်အတူ ဂျပန်ရိုးရာ Kusudama ဖြင့် အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါသည်။
Daiichi Life မန္တလေးရုံးခွဲသစ်ကြီး၌ ဂျပန်ရိုးရာအငွေ့အသက်များနှင့်အတူ မန္တလေးယဥ်ကျေးမှုများဖြင့် ပေါင်းစပ်ဖန်တီးထားသော Experience Centre နှင့်အတူ meeting room များ၊ ကျယ်ဝန်းသော Daiichi Life Training Centre တို့ကိုလည်း စီစဥ်ထားရှိပေးထားပြီး သာလွန်ကောင်းမွန်တဲ့ အသက်အာမခံဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ကျွန်တော်တို့ Daiichi Life အနေဖြင့် People First ဆိုသည့်ဆောင်ပုဒ်နဲ့အညီ အနာဂတ် စိတ်အေးချမ်းသာယာမှုများကို ပိုမိုပေးအပ်သွားနိုင်ရန်ကြိုးစားသွားပါမယ်လို့ ကတိကဝတ်ပြုလိုက်ပါသည်။
ကျွန်တော်တို့ မန္တလေးရုံးခွဲသစ်လိပ်စာကတော့ အမှတ် ၃၃၉၊ ၃၅ လမ်း(၈၃ x ၈၄ လမ်းကြား)၊ မဟာအောင်မြေမြို့နယ် မှာတည်ရှိတဲ့အတွက် လာရောက်လေ့လာနိုင်ပါသည်။












