Daiichi Life Myanmar ၏ အကြောင်း
Daiichi Life Myanmar သည် ဂျပန်နိုင်ငံရှိ ထိပ်တန်း အသက်အာမခံကုမ္ပဏီဖြစ်သည့် Daiichi Life Group ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။ Daiichi Life Group သည် နှစ်ပေါင်း (၁၂၀) ကျော်ကြာ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း (၉) နိုင်ငံမှကာစတမ်မာများနှင့်သူတို့၏မိသားစုဝင်များကိုအသက်အာမခံဝန်ဆောင်မှုများနှင့်အနာဂတ်အတွက်အာမခံချက်ရှိသည့်ငွေကြေးဆိုင်ရာအကာအကွယ်ရရှိစေသည့်ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။
၂၀၁၉ ခုနှစ်တွင် Daiichi Life Myanmar သည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက်လည်း ကမ္ဘာ့အဆင့်မှီ အသက်အာမခံဝန်ဆောင်မှုအား ပေးဆောင်နိုင်ရန် တရားဝင်လုပ်ငန်းလိုင်စင်ကို ရရှိခဲ့ပါသည်။ “Customer First” ဟူသည့် ခံယူချက်အတိုင်း မြန်မာနိုင်ငံရှိ ကျွန်တော်တို့၏ အသက်အာမခံလုပ်ငန်းကိုလည်း ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်မီ ဝန်ထမ်းများနှင့်အတူ Daiichi Life ၏ နှစ်ပေါင်း (၁၂၀) ကျော် အတွေ့အကြုံရှိသည့် ဝန်ဆောင်မှုများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ကျန်းမာပျော်ရွှင် စိတ်အေးချမ်းရခြင်းတို့ကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။
ကျွန်တော်တို့၏ ရည်ရွယ်ချက်
“Partnering with you to build a brighter and more secure future”
We Care
ကျွန်တော်တို့ဒိုင်အိချိတည်ရှိရာနေရာများတွင် ကျွန်တော်တို့ကို ယုံကြည်အားကိုးနေသောကာစတမ်မာများ၊ မိတ်ဖက်ပါတနာကြီးများ၊ ဝန်ထမ်းများနှင့် လူမှုပတ်ဝန်းကျင်ကို အမြဲအလေးထားဂရုစိုက်ပါသည်။
We Do What's Right
ဒိုင်အိချိအနေဖြင့် ကာစတမ်မာများနှင့် လူမှုပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်သောဘဝနေထိုင်မှုပုံစံရရှိရန်အမြဲကြိုးပမ်းလျက်ရှိပြီး ကျွန်တော်တို့၏ တာဝန်ဝတ္တရားအဖြစ် အပြည့်အဝခံယူထားပါသည်။

We Innovate
ကျွန်တော်တို့ဒိုင်အိချိ၏နိုင်ငံတကာအတွေ့အကြုံများဖြင့် ကာစတမ်မာများအတွက် ဘဝနေထိုင်မှုပုံစံအသစ်များဖော်ဆောင်ပေးနိုင်ရန် ဆန်းသစ်သောနည်းလမ်းများကိုစဥ်ဆက်မပြတ်ဖန်တီးလျက်ရှိပါသည်။
We Innovate
ကျွန်တော်တို့ဒိုင်အိချိ၏နိုင်ငံတကာအတွေ့အကြုံများဖြင့် ကာစတမ်မာများအတွက် ဘဝနေထိုင်မှုပုံစံအသစ်များဖော်ဆောင်ပေးနိုင်ရန် ဆန်းသစ်သောနည်းလမ်းများကိုစဥ်ဆက်မပြတ်ဖန်တီးလျက်ရှိပါသည်။
ကျွန်တော်တို့၏ ခံယူချက်
“ထာဝရသင်နှင့်အတူ”
Daiichi Life Group ကို စတင် တည်ထောင်သည့် (၁၉၀၂) ခုနှစ်မှစပြီး “Customer First” ဟူသည့် ခံယူချက်အတိုင်း ကာစတမ်မာများကို အစဥ် ဦးစားပေးအလေးထားလျက်ရှိပါသည်။ အဆိုပါခံယူချက်မှ တစ်ဆင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အသက်အာမခံနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများပေးခြင်းဖြင့် စိတ်ချမ်းသာမှုရရှိအောင် လုပ်ဆောင်ပေးလျက်ရှိပါသည်။
Daiichi Life Myanmar သည်လည်း Daiichi Life Group ၏ ခံယူချက်အတိုင်း ကျွန်တော်တို့၏ ကာစတမ်မာများနှင့် သူတို့ချစ်ခင်ရသူတွေ၏အနာဂတ်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ထာဝရဘေးမှာရပ်တည်ပေးသွားမှာဖြစ်ပါသည်။

ကျွန်တော်တို့၏ ကတိစကား
“People First”
“People First” ဟူသည့် ခံယူချက်ကို ဦးစားပေးအလေးထားသော အသက်အာမခံလုပ်ငန်းတစ်ခုအနေဖြင့် Daiichi Life Myanmar သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အားအထားရဆုံး အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်လာရန် မျှော်မှန်းပါသည်။