Daiichi Life

1st Year Partnership Anniversary Celebration with MOB Bank

ကျွန်တော်တို့ Daiichi Life Myanmar နဲ့ MOB ဘဏ် တို့ မိတ်ဖက်ပါတနာအဖြစ် လက်တွဲလာတာ မေလ (၂၇) ရက်နေ့မှာဆိုရင် (၁) နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်တဲ့အတွက် အထိမ်းအမှတ်အနေနဲ့ အမှတ်တရပွဲလေးတစ်ခုကို ကျင်းပဖြစ်ခဲ့ပါသည်။ ဤအမှတ်တရပွဲမှာ ကျွန်တော်တို့ Daiichi Life နဲ့ MOB ဘဏ်တို့ Partnership အောင်မြင်မှုအတွက် အားလုံးအတူတူ ဂုဏ်ပြုခဲ့ကြပြီး တစ်နှစ်တာကာလအတွင်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ကြိုးစားမှုတွေကြောင့် ရလဒ်ကောင်းတွေ ရရှိခဲ့တဲ့သူတွေကို ဂုဏ်ပြုဆုလက်ဆောင်များ ချီးမြှင့်ကာ ဆုရရှိသူများကလည်း အတွေ့အကြုံများ ဝေမျှခဲ့ကြပါသည်။

 

Daiichi Life အနေနဲ့ မြန်မာနိုင်ငံမှာ (၃) နှစ်ကျော် အောင်မြင်စွာ အသက်အာမခံဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ပေးနိုင်ခြင်းသည် မိတ်ဖက်ပါတနာတွေရဲ့ ပါဝင်အားဖြည့်မှုတွေကြောင့်ပဲဖြစ်ပါသည်။ MOB ဘဏ်က အဓိကမိတ်ဖက်ပါတနာတစ်ခုဖြစ်တဲ့အပြင် တစ်နှစ်တာအတွင်းမှာ ကျွန်တော်တို့နဲ့အတူ တန်ဖိုးထားရတဲ့ customer တွေအတွက် ကောင်းမွန်တဲ့ အသက်အာမခံဝန်ဆောင်မှုတွေကို MOB ဘဏ် ရဲ့ ဘဏ်ခွဲတွေကနေတစ်ဆင့် ပေးနိုင်ခဲ့လို့ များစွာဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်ရပါသည်။ ရှေ့ဆက်ပြီးလည်း မြန်မာနိုင်ငံအတွင်းမှာ MOB ဘဏ်နဲ့အတူ Daiichi Life ရဲ့ အသက်အာမခံဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စွာ ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ကို မျှော်မှန်းယုံကြည်ထားပါသည်။