ကျွန်တော်တို့ Daiichi Life Myanmar အနေနဲ့ “We Care, We Do What’s Right, We Innovate” ဆိုသည့် စံသတ်မှတ်ချက်အတိုင်း ပိုမိုကောင်းမွန်သောလူမှုပတ်ဝန်းကျင်ကိုဖန်တီးခြင်းများနဲ့အတူ မြန်မာနိုင်ငံအနှံ့ရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသမှုများ၊ လူထုအကျိုးပြုလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုတစ်ခေါက်မှာတော့ ပုသိမ်မြို့ရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအတွက် အခမဲ့ ခွဲစိတ်ကုသမှုများကို အောင်မြင်စွာ ပြုလုပ်ပေးခဲ့ပါသည်။
ထိုခွဲစိတ်ကုသမှုများမှတစ်ဆင့် ကလေးငယ်များ၏ မနက်ဖြန်တိုင်းကို လှပသော အပြုံးလေးများနဲ့ ကျန်းမာပျော်ရွှင်သော အနာဂတ်ဘဝအဖြစ် ဖန်တီးပေးနိုင်ခဲ့ပြီး မိဘများ၏ပျော်ရွှင်မှုပီတိများ ကိုလည်း ယူဆောင်လာပေးနိုင်ခဲ့ပါသည်။
ရှေ့ဆက်ပြီးလည်း ခွဲစိတ်ကုသမှုများကို မြန်မာနိုင်ငံအနှံ့ အခါအားလျော်စွာ စီစဥ်ပေးသွားမှာဖြစ်တဲ့အပြင် အားလုံးအတွက် စိတ်ချလုံခြုံပြီး ပိုမိုကောင်းမွန်သည့် အနာဂတ် နှင့် ဘဝနေထိုင်မှုပုံစံများ ရရှိစေရန်ရည်ရွယ်လျက် လူထုအကျိုးပြုလုပ်ငန်းများ ကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါသည်။


