ကျွန်တော်တို့ Daiichi Life Myanmar သည် MOB ဘဏ်နှင့် လက်တွဲဆောင်ရွက်ခဲ့တာ ယခုဆိုရင် (၂) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ယခုလို( ၂) နှစ်တာ ကာလအတွင်းမှာ လက်တွဲပြီး ဝေမျှစိုက်ထူခဲ့တဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ 2nd Year Partnership Celebration ပွဲကို မေလ (၄) ရက်နေ့၊ Novotel Yangon Max မှာ အောင်မြင်စွာကျင်းပခဲ့ပါသည်။
2nd Year Partnership Celebration ပွဲတွင် (၂) နှစ်အတွင်း ရရှိခဲ့သောအောင်မြင်မှုများကို အတူတကွဂုဏ်ပြုရင်း လက်တွဲကြိုးစားခဲ့ကြတဲ့ ဘဏ်ခွဲများမှတာဝန်ရှိသူများနှင့် Financial Advisor များကို ကျေးဇူးတင်အသိအမှတ်ပြုခဲ့ကြပါသည်။
ယခုလို( ၂) နှစ်ပြည့်မှစပြီး Partnership ကို ပိုမိုခိုင်မာအောင် တည်ဆောက်ကာ နောင်နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်ရင်း အောင်မြင်မှုပန်းတိုင်တွေကို စိုက်ထူသွားဦးမှာဖြစ်ပါသည်။











