ကျွန်တော်တို့ Daiichi Life Insurance Myanmar မှ အမျိုးသားလုပ်ဖော်ကိုင်ဖက်များသာမက အမျိုးသမီးများကပါ နိုဝင်ဘာလရဲ့ Movember Campaign တွင် ပါဝင်ခဲ့ကြပါသည်။ Daiichi Life မှ အမျိုးသားလုပ်ဖော်ကိုင်ဖက်များအနေဖြင့် နိုဝင်ဘာလတစ်လလုံးတွင် နှုတ်ခမ်းမွေးထားခြင်းဖြင့်လည်းကောင်း၊ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များမှလည်း အမျိုးသားများတွင် အဖြစ်များလေ့ရှိသည့် ဆီးကျိတ်ကင်ဆာ (Prostate Cancer)၊ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာ (Testicular Cancer) နှင့် အမျိုးသားများ၏ စိတ်ကျန်းမာရေးတို့ကို ဂရုပြုသတိထားစောင့်ရှောက်ရမည့် အကြောင်းများကို မျှဝေကြခြင်းဖြင့် Movember Campaign တွင် ပါဝင်ခဲ့ကြပါသည်။
Daiichi Life အနေဖြင့် People First ဆောင်ပုဒ်နှင့်အညီ မြန်မာပြည်သူများအား စိတ်အေးချမ်းပြီး ကျန်းမာပျော်ရွှင်သော ဘဝနေထိုင်မှုကို ရရှိနိုင်စေရန် ကြိုးစားလျက်ရှိရာ ယခုကဲ့သို့ ကျန်းမာရေးအသိပညာပိုမိုမြင့်မားလာစေရန် အစီအစဥ်ကောင်းများစွာကို အလျဥ်းသင့်သလို လုပ်ဆောင်ပေးသွားမှာဖြစ်ပါသည်။



