Zarchi Tin
“မြန်မာနိုင်ငံမှာ Daiichi Group ရဲ့ ရုံးခွဲဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကတော့ အသက်အာမခံဝန်ဆောင်မှုနှင့် လူနေမှုအဖွဲ့အစည်းပိုမိုတိုးတက်ဖွံ့ဖြိုးလာဖို့အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီဖို့ဖြစ်ပါတယ်။ ရေရှည် စီမံချက်များဖြင့် ကျွန်မတို့ရဲ့ လူမှုအသိုက်အဝန်းတည်ဆောက်ရန် နှင့် လူမှုစွမ်းရည်များ တိုးတက်ဖွံ့ဖြိုးလာစေရန် အများပြည်သူတို့ရဲ့ဆက်ဆံရေးအပေါ် အဓိကအလေးထားပြီး ယုံကြည်မှု၊ ကတိကဝတ်ရှိမှုနှင့် ကရုဏာရှိမှုတို့ကို ထားရှိပါတယ်။”
ကိုယ်ရေးရာဇဝင်
ဒေါ်ဇာခြည်တင်သည် Daiichi Life Myanmar Ltd. ၏ Chief Executive Officer နှင့် ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီး Daiichi Life Holidngs, Inc. တွင် အမှုဆောင်အရာရှိရာထူးဖြင့်လည်း ထပ်မံတာဝန်ထမ်းဆောင်နေပါသည်။ Daiichi Life Insurance Group သို့မ၀င်ရောက်မီ ဒေါ်ဇာခြည်တင်သည် First Myanmar Investment Co Ltd (FMI)၊ ရိုးမဘဏ်၊ Central Bank of Canada နှင့် BNP Paribas Investment Bank တို့တွင် လုပ်ငန်းအဖွဲ့အစည်း၏ မဟာဗျူဟာစီမံခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်းနှင့် လုပ်ငန်းတိုးတက်ရေးအပိုင်းများတွင် စွမ်းဆောင်ရည်အမျိုးမျိုးဖြင့် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာအဖွဲ့အစည်းများတွင်ပါ နှစ် (၂၀)ကျော်ကြာ လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ပါသည် ။
မြန်မာနိုင်ငံသူတစ်ဦးဖြစ်သည့် ဒေါ်ဇာခြည်တင်သည် အင်္ဂလန်နိုင်ငံရှိ အောက်စဖို့ဒ်တက္ကသိုလ်မှ ငွေကြေးစီမံကိန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ၊ ကနေဒါနိုင်ငံ Ottawa တက္ကသိုလ်မှ ဘဏ္ဍာရေးဆိုင်ရာ MBA နှင့် ဘယ်လ်ဂျီယံနိုင်ငံရှိ Vesalius College မှ စီးပွားရေးဆိုင်ရာ Bachelor ဘွဲ့တို့ကို ရရှိထားသူဖြစ်ပါသည်။ သူမသည် Global Association of Risk Professionals မှ Financial Risk Manager အဖြစ်သတ်မှတ်ခြင်းခံရပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာများအဖွဲ့အစည်း၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းကိုလည်းခံခဲ့ရသူဖြစ်ပါသည် ။
ဒေါ်ဇာခြည်တင် သည် Daiichi Life Myanmar Ltd. ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့်အပြင် “ဦးသန့်အိမ်” ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ဘဏ်လုပ်ငန်း (ရိုးမဘဏ်)၊ ရင်းနှီးမြှုပ်နှံမှုအပိုင်း (FMI)၊ လေကြောင်းလိုင်းလုပ်ငန်း (FMI Air)၊ ကြော်ငြာလုပ်ငန်း (FMIDecaux Co. Ltd) နှင့် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း (ပန်းလှိုင် Silom ဆေးရုံ) များတွင်လည်း ဘုတ်အဖွဲ့ဝင်အဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ဇာခြည်တင်သည် ကျား ၊ မ မရွေးတန်းတူညီမျှရေးအတွက် စိတ်အားထက်သန်စွာ ထောက်ခံအားပေးသူဖြစ်ပြီး လူငယ်များနှင့် သူတို့၏ အလားအလာကောင်းများကို ဖြည့်ဆည်းပေးရန်အတွက် အရည်အချင်းများနှင့် စွမ်းရည်များကို ပေးနိုင်မည်ဟု ယုံကြည်ထားပါသည်။ Business Coalition for Gender Equality (BCGE) ၏ တည်ထောင်သူအဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမသည် ကျား ၊ မ မရွေးတန်းတူညီမျှရေးဆိုင်ရာ အခွင့်အလမ်းများရရှိစေရန်၊ ပံ့ပိုးကူညီနိုင်ရန်နှင့် အကောင်အထည်ဖော်ဆောင်နိုင်စေရန် အဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့ပါသည်။