Daiichi Life

ကုန်အမှတ်တံဆိပ်ပြောင်းလဲကြောင်း ကြေညာချက် 

ဒိုင်အိချိမြန်မသည်  ကုန်အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်ခြင်းနှင့်အတူ ကာစတမ်မာများကို  အသက်အာမခံ အကာအကွယ်အပြင် ပိုမိုကောင်းမွန်သည့် ဘဝများကို ဖော်ဆောင်ပေးမည်  

ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် — ဒိုင်အိချိမြန်မာ သည် ယနေ့တွင် ကုန်အမှတ် တံဆိပ် အမှတ်အသား ပြောင်းလဲသတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်လိုဂိုအသစ်ကို မိတ်ဆက်ခဲ့ပါသည်။  

ဒိုင်အိချိမြန်မာသည် ဈေးကွက်အမှတ်တံဆိပ်အမည်အဖြစ် ဒိုင်အိချိမြန်မာ (Daiichi Life Myanmar) ကို အသုံးပြုမည်ဖြစ်ပြီး ၎င်း၏ ကုန်သွယ်မှုအမည်ကိုလည်း “Daiichi Life Insurance Myanmar Ltd.” အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပြောင်းလဲသွားမည် ဖြစ်ပါသည်။  

မတူညီသည့် အပြာရောင် (၄) ရောင်ဖြင့် ဖန်တီးထားသည့် ဒိုင်အိချိမြန်မာ၏ လိုဂိုအသစ်သည် အဆုံးအစမရှိ ကျယ်ပြန့်သည့်  မိုးကုပ်စက်ဝိုင်းကို ကိုယ်စားပြုပြီး မတူကွဲပြားမှုကို ပေါင်းစပ်ပြီး အနာဂတ်အတွက် များပြားသည့် ဘဝအခွင့်အလမ်း များကို ကိုယ်စားပြုပါသည်။ ဒိုင်အိချိမြန်မာ၏ ယခုကုန်အမှတ်တံဆိပ်ပြောင်းလဲမှုသည် ကာစတမ်မာများနှင့်အတူ ပိုမိုကောင်းမွန်သည့်အနာဂတ်ဆီသို့ အတူတူရှေ့ဆက်သွားရန်နှင့် လူတိုင်းအတွက် အလားအလာကောင်းများကို ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ Life Reimagined” concept ကို အခြေခံထားပါသည်။ 

<အမှတ်တံဆိပ်လိုဂိုအသစ်> 

ဒိုင်အိချိမြန်မာ ၏ CEO ဒေါ်ဇာခြည်တင်က “အစ်မတို့ရဲ့ ကုန်အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်မှုဟာဆိုရင် ဒိုင်အိချိမြန်မာ အနေနဲ့ ကာစတမ်မာတွေကို အသက်အာမခံ အကာကွယ်ပေးရုံသာမက အခွင့်အလမ်းအသစ်တွေကို မြင်တွေ့နိုင်အောင်၊ ယုံကြည်မှုရှိရှိနဲ့ သူတို့မျှော်လင့်ထားတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ရန်နှင် စိတ်အေးချမ်းသာစွာ ဘဝကိုရှေ့ဆက်နိုင်အောင်လည်း ကူညီပေးသွားမယ် ယုံကြည်ပါတယ်။” 

ဒိုင်အိချိမြန်မာသည် ယခုကုန်အမှတ်တံဆိပ်ပြောင်းလဲမှုနှင့်အတူ ကာစတမ်မာများအတွက် ငွေကြေး လုံခြုံမှုသာမက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပံ့ပိုးပေးဖို့ ကတိပြုထားပါသည်။ ဒိုင်အိချိမြန်မာသည် Live Life Beyond the Horizon” brand concept ဖြင့် ကာစတမ်မာများထံသို့ ဂျပန်လူမျိုးတို့ရဲ့  ရှေ့ရေးကိုကြိုတင် တွေးတော်နိုင်မှု နှင့် ရေရှည်အတွက်မြော်မြင် တွေးခေါ်မှုတွေကို ယူဆောင်လာပြီး ကာစတမ်များအနာဂတ်အတွက် ယုံကြည်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီပေးသွားမည် ဖြစ်ပါသည်။  

Daiichi Life Myanmar အကြောင်း 

 

Daiichi Life Insurance Myanmar (“Daiichi Life”) သည် ဂျပန်နိုင်ငံ ထိပ်တန်းအသက် အာမခံလုပ်ငန်းစုဖြစ်သည့် Daiichi Life Group ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်း ၁၂၀ ကျော် အတွေ့အကြုံရှိသည့် Daiichi Life Group သည် နိုင်ငံပေါင်း (၉)နိုင်ငံရှိ မိသားစုများအတွက် ရေရှည် ငွေကြေး  အကာအကွယ်နှင့်  အသက်အာမခံ ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ 

ဒိုင်အိချိမြန်မာသည် ၂၀၁၉ ခုနှစ်တွင် တရားဝင်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီး မြန်မာပြည်သူများအတွက် အသက်အာမခံဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ “People First” အတွေးအခေါ်ဖြင့် ဒိုင်အိချိမြန်မာသည် နိုင်ငံတကာတွင်လုပ်ငန်းအတွေ့အကြုံရှိသည့် လုပ်ငန်းကျွမ်းကျင်သူများနှင့်အတူ ပြည်တွင်းစျေးကွက်နှင့်ပတ်သက်သည့် ခိုင်မာသည့်အမြင်များကို ပေါင်းစပ်ပြီး ကာစတမ်များအတွက် စိတ်ချလုံခြုံသည့် အနာဂတ်များကို ဖန်တီးပေးသွားမည်ဖြစ်ပါသည်။  

Partnering with you to build a brighter and more secure future” ဟူသော Daiichi Life Group ၏ ရည်ရွယ်ချက် နှင့် အညီ ဒိုင်အိချိမြန်မာသည် ကာစတမ်မာများအတွက် ငွေကြေးအကာအကွယ်အပြင် စိတ်အေးချမ်းသာမှုကိုပါ ယူဆောင်လာမည်ဖြစ်ပြီး ငွေကြေးလုံခြုံမှုသာမက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ အလေးထားဂရုစိုက်ပေးခြင်းဖြင့် ဘဝအရည်အသွေးကို မြှင့်တင်ရန် ရည်ရွယ်ထားပြီး ၎င်း၏ အနာဂတ်ကို စိတ်ကြိုက်ပုံဖော်နိုင်ရန် ရည်ရွယ်ပါသည်။  

မီဒီယာဆက်သွယ်ရန်- 

Communications Department

Daiichi Life Myanmar

 

ခိုင်ဒိတ်နာမ်

အီးမေးလ် – khai.deih.neam@daiichilife.com.mm 

ဖုန်း – +၉၅ ၉ ၉၇၈၂၃၆၁၁၉

 

စုနွယ်ထွန်း

အီးမေးလ် – suu.nwe.htun@daiichilife.com.mm 

ဖုန်း – +၉၅ ၉ ၄၂၁၀၂၇၁၇၅