Daiichi Life

မေးလေ့မေးထရှိသော မေးခွန်းများ

Daiichi Life သည် ဘယ်နိုင်ငံ၏ အခြေစိုက်ကုမ္ပဏီဖြစ်ပါသလဲ။ အခြား ဘယ်နိုင်ငံများတွင် ရုံးခွဲများရှိပါသလဲ။

Daiichi Life ကို ဂျပန်နိုင်ငံတွင် စတင်ခဲ့ပြီး ယခုအခါ  အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်ပါသည်။

Daiichi Life နှင့် ဘယ်လိုဆက်သွယ်လို့ရနိုင်မလဲ။

ကျွန်တော်တို့၏  Customer Service ဖုန်းနံပါတ်ဖြစ်သည့် +၉၅၉ ၈၈၀ ၄၄၃ ၀၀၃ သို့ ဆက်သွယ်နိုင်ပါသည်

အသက်အာမခံဆိုတာ ဘာလဲ။

များစွာသောအခြေအနေများကို ကြိုတင်မှန်းဆ၍မရနိုင်သလို ရှေ့ဆက်ဘာဖြစ်မလဲဆိုတာလည်း သေချာမသိနိုင်ပါဘူး။ ဒါကြောင့် သင့်အနေဖြင့် အခွင့်ကောင်းကို မလွဲချော်သွားစေရန် အထူးသဖြင့် သင်ချစ်ခင်ရသူများအတွက် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုအား တိကျသေချာစွာ အစီအစဉ်ဆွဲထားနိုင်ရန် အရေးကြီးပါသည်။ အသက်အာမခံသည် အသက်ဆုံးပါးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ (သို့မဟုတ်) ပြင်းထန်ရောဂါများစသည့် မမျှော်လင့်ထားသော ကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာသောငွေကြေးဆိုင်ရာအခက်အခဲများမှ ကာကွယ်ပေးနိုင်သော နည်းလမ်းတစ်ခုဖြစ်သည့်အတွက် စောစီးစွာ အကာအကွယ်ရယူထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

အသက်အာမခံကို ဘယ်အသက်အရွယ်တွင် စတင်ထားရှိနိုင်ပါသလဲ။

အသက်အာမခံ ကို ရင်သွေးငယ်မှစ၍ အသက်အရွယ်မရွေး ဝယ်ယူနိုင်ပါသည်။ မသေချာမရေရာမှုများသည် ဘဝတစ်လျှောက်လုံးတွင် ကြုံတွေ့လာနိုင်သည့်အတွက် စောစီးစွာအသက်အာမခံအကာအကွယ်ရယူထားခြင်းသည်အသင့်တော်ဆုံးပဲဖြစ်ပါသည်။

ဘာလို့ အသက်အာမခံထားသင့်သလဲ။

အသက်အာမခံသည် အသက်ဆုံးပါးခြင်း၊ မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) ပြင်းထန်ရောဂါများကြောင့် ဖြစ်ပေါ်လာသောကိစ္စရပ်များ၏ ကုန်ကျစရိတ်များမှ မိသားစုနှင့် မှီခိုနေသူများအတွက် ငွေကြေးအရ အကာအကွယ်ပေးနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အသက်အာမခံသည် သင်မရှိတော့သည့်အချိန်တွင် သင်ချေးယူထားသော အကြွေးများအားဆပ်နိုင်ရန် (ပေါင်နှံခြင်းများအပါအဝင်)၊ သင့်ကလေးများ၏အနာဂတ်ပညာရေးအတွက် ပေးချေနိုင်ရန်နှင့် သင့်မိသားစုအနေနှင့် လက်ရှိနေထိုင်သော လူနေမှုအဆင့်အတန်းအတိုင်း ဆက်လက်နေထိုင်နိုင်ရန် ကူညီပေးပါသည်။ ဒါ့အပြင် ကျန်းမာခြင်းသုခနှင့် ပြည့်စုံပါကလည်း သင့်အနေနဲ့ စုဆောင်းမှုတစ်ခုအဖြစ်ကျန်ရှိနေမှာဖြစ်ပါသည်။

အသက်အာမခံမှ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။

အသက်အာမခံ သည် သင်နှင့် သင်ချစ်ခင်ရသူများအတွက် ငွေကြေးလုံခြုံမှု နှင့် စိတ်အေးချမ်းမှုကို ပေးနိုင်သော အကျိုးကျေးဇူးများစွာရှိပါသည်။ ၎င်းသည် အသက်အာမခံရယူထားသူ အသက်ရှင်နေထိုင်စဥ်ကာလအတွင်း ဘဝ၏ မသေချာမရေရာမှုများမှ ငွေကြေးကာကွယ်မှုပေးနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် ငွေကြေးစုဆောင်းမှုတစ်ခုအဖြစ်လည်း ရရှိနိုင်မှာဖြစ်ပါသည်။  ဒါ့အပြင် ဝင်ငွေခွန်သက်သာခွင့် နှင့် ငွေကြေးအာမခံချက်ကိုလည်းရရှိစေပါသည်။

အသက်အာမခံအား ဘယ်သူတွေဝယ်ယူလို့ရပါသလဲ။

အာမခံပေါ်လစီအရ သတ်မှတ်ထားသော အသက်ကန့်သတ်ချက်အတွင်းရှိ မည်သူမဆို  အသက်အာမခံဝယ်ယူနိုင်ပါသည်။ (သို့တရားဝင်အုပ်ထိန်းသူမှတစ်ဆင့် ဝယ်ယူထားရှိနိုင်ပါသည်။

ကျန်းမာရေးအာမခံအကျိုးခံစားခွင့်တောင်းခံခြင်း ကို မည်သို့လုပ်ဆောင်ရမည်နည်း။

ကျန်းမာရေးအာမခံအကျိုးခံစားခွင့်တောင်းခံခြင်းတွင် Reimbursement Claim (ငွေသားပြန်လည်တောင်းခံခြင်း) နှင့် Cashless Claim (ငွေသားမလိုဘဲဆေးကုသမှုခံယူခြင်း) ဟူ၍ နှစ်မျိုးရှိပါသည်။  အကျိုးခံစားခွင့်တောင်းခံခြင်းအသေးစိတ်အချက်အလက်များကို ယခုလင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အသက်အာမခံအကျိုးခံစားခွင့်တောင်းခံခြင်းကိုမည်သို့လုပ်ဆောင်ရမည်နည်း။

အသက်အာမခံအကျိုးခံစားခွင့်တောင်းခံမှုများကို တောင်းဆိုလိုတဲ့ခံစားခွင့်တောင်းခံလွှာများနှင့်အတူ clm.team@daiichilife.com.mm သို့ပူးတွဲပေးပို့၍တောင်းခံနိုင်ပါသည်။ အကျိုးခံစားခွင့်တောင်းခံခြင်းအသေးစိတ်အချက်အလက်များကို ယခုလင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျန်းမာရေးအာမခံအကျိုးခံစားခွင့်တွင်အကျုံးမဝင်သည့် အဖြစ်များသောကိစ္စရပ်များက ဘာတွေဖြစ်မည်နည်း။

ကျန်းမာရေးအာမခံအကျိုးခံစားခွင့်တွင်အကျုံးမဝင်သည့်အဖြစ်များသောကိစ္စရပ်များကအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။  

  • ရှိရင်းစွဲ ရောဂါအခြေအနေများနှင့် ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သော ရောဂါ အခြေအနေများ [စောင့်ဆိုင်းကာလ (ရက် ၃၀ နှင့် ရက် ၉၀)]
  • ကိုယ်ဝန်ဆောင်ခြင်း ၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် သက်ဆိုင်သောဆေးကုသမှုများ
  • စိတ်ကျန်းမာရေးနှင့်ပတ်သက်သော ဆေးကုသမှုအခြေအနေများ
  • အရက် အလွန်အကျွံသောက်သုံးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် သက်ဆိုင်သော ဆေးကုသမှုများ
  • ဆေးကုသရန် မဟုတ်သော ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းများ
  • မတော်တဆမှုကြောင့် မဟုတ်သော သွားနှင့်ခံတွင်းကုသမှု ၊ မျက်စိစမ်းသပ်မှု ၊ ကုသမှု
  • ဆေးပညာအရ မလိုအပ်သည့် ကုသမှု (ဥပမာ။ ။ အလှအပဆိုင်ရာ၊ ကိုယ်အလေးချိန် လျှော့ချရန်၊ တိုးရန်)

အာမခံအကျိုးခံစားခွင့်မရရှိနိုင်သောကိစ္စများအားလုံးကို အသေးစိတ်ကြည့်နိုင်ရန် ယခု လင့် ကိုနှိပ်ပါ။

ပရီမီယံကြေးပေးချေမှုအတွက် ဘာနည်းလမ်းတွေရှိပါသလဲ။

သင်သည် ဘဏ်သို့ လူကိုယ်တိုင်သွားပြီး သင်ထားရှိထားသော ပရီမီယံငွေကြေးပမာဏအတိုင်း ပေးချေနိုင်ပါသည်။ Daiichi Life Bank အကောင့်သို့ ငွေလွှဲခြင်း (သို့အလိုအလျောက်ငွေပေးချေခြင်းဖြင့်လည်း ပေးသွင်းနိုင်ပါသည်။

ပရီမီယံကြေးပေးချေမှုအား မည်သည့်ဘဏ်များမှတစ်ဆင့် လုပ်ဆောင်လို့ရပါသလဲ။

KBZဘဏ်၊ AYA ဘဏ်၊ CB ဘဏ်၊MOB ဘဏ် နှင့် YOMA ဘဏ်တို့၏ ဘဏ်ခွဲများတွင် ငွေသား (သို့) ချက်လက်မှတ်ဖြင့် ပရီမီယံငွေပေး‌‌ချေမှုအား လုပ်ဆောင်နိုင်ပါသည်။

ဘဏ်ခွဲများ (သို့) ဘဏ်အေးဂျင့်များမှတစ်ဆင့် ပရီမီယံကြေးကို ဘယ်လိုပေးဆောင်လို့ရပါသလဲ။
  • ဘဏ်ခွဲများ – သင်နှင့်အနီးဆုံးတွင်ရှိသည့် KBZ ဘဏ် ၊ AYA ဘဏ်၊ CB ဘဏ်၊ MOB ဘဏ်(သို့) Yoma ဘဏ် တို့၏ ဘဏ်ခွဲများတွင် ငွေသား (သို့) ချက်လက်မှတ်ဖြင့် ပရီမီယံကြေးပေးချေနိုင်ပါသည်။ ဘဏ်ခွဲသို့ရောက်လျှင် Daiichi Life Insurance Myanmar သို့ပရီမီယံကြေးပေးသွင်းလိုကြောင်း နှင့် လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ဘဏ်ဝန်ထမ်းကိုပြောပြပါ။  ချက်လက်မှတ်နှင့်ပေးသွင်းမှုအတွက်ဘဏ်လုပ်ငန်းဆောင်ရွက်မှုအရ ချက်လက်မှတ်ရှင်းလင်းရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန်လိုအပ်ပါသည်။
  • KBZPay (သို့) AYAPay(သို့) MABဘဏ်အေးဂျင့်များ – နီးစပ်ရာ ဘဏ်အေးဂျင့်များ၌လည်း လျှောက်လွှာအမှတ် (သို့) ပေါ်လစီအမှတ်ကို ပြောပြ၍ ပရီမီယံကြေးပေးသွင်းနိုင်ပါသည်။
အင်တာနက်/Mobile Banking အပ်ပလီ‌‌ကေးရှင်းမှတစ်ဆင့် ပရီမီယံကြေးပေးချေမှုကို ဘယ်လို လုပ်ဆောင်လို့ရနိုင်ပါသလဲ။

KBZPay နှင့် KBZ မိုဘိုင်းဘဏ်အပ်ပလီ‌‌ကေးရှင်းဖြင့် ပေးချေမှုများအတွက် –

  1. Quick Pay ကိုရွေးချယ်ပါ။
  2. Insurance ကို ထပ်မံရွေးချယ်ပြီး Daiichi Life Insurance Myanmar ကို နှိပ်ပါ။
  3. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

AYA အင်တာနက်၊ မိုဘိုင်းဘဏ်အပ်ပလီ‌‌ကေးရှင်းဖြင့် ပေးချေမှုများအတွက် –  

  1. Bill Payment ကို ရွေးချယ်ပါ။
  2. Daiichi Life Insurance Myanmar ကို နှိပ်ပါ။  
  3. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။ 

CBPay ဖြင့် ပေးချေမှုများအတွက် –  

  1. Pay Bill ကို ရွေးချယ်ပါ။
  2. Insurance Payment ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Daiichi Life Insurance Myanmar ကို နှိပ်ပါ။
  4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

MAB ဘဏ်မိုဘိုင်းအပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် – 

  1. Payment စာမျက်နှာရှိ Insurance ကို ရွေးချယ်ပါ။ 
  2. One-time Payment ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Daiichi Life Insurance Myanmar ကို နှိပ်ပါ။
  4. Outlet နေရာ၌ Premium Payment ကိုရွေးချယ်ပါ။
  5. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။

Yoma ဘဏ် DC အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် – 

  1. Pay Bill ကို ရွေးချယ်ပါ
  2. Biller Selection ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Daiichi Life Insurance Myanmar ကို နှိပ်ပါ။
  4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။
    1.  

Yoma ဘဏ် Next အပ်ပလီကေးရှင်းဖြင့် ပေးချေမှုများအတွက် –  

  1. Bill Payment စာမျက်နှာကို ရွေးချယ်ပါ။
  2. Health & Insurance ကို ထပ်မံ‌ရွေးချယ်ပါ။
  3. Daiichi Life Insurance Myanmar ကို နှိပ်ပါ။
  4. လိုအပ်သောအချက်အလက်များကိုဖြည့်စွက်ပြီး ပရီမီယံကြေးပေးဆောင်နိုင်ပါသည်။
  5.  
အလိုအလျောက်ငွေပေးချေခြင်းစနစ်ဖြင့် ပရီမီယံကြေးပေးချေမှုကို ဘယ်လို လုပ်ဆောင်လို့ရနိုင်ပါသလဲ။
  • ပရီမီယံကြေးပေးချေမှုပြုလုပ်ရာတွင် အချိန်ကုန်သက်သာစေရန်အတွက် KBZဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း ၊ CB ဘဏ် အင်တာနက်၊ မိုဘိုင်း အပ်ပလီကေးရှင်း (သို့)ဘဏ်ခွဲများ ၊MAB ဘဏ်အင်တာနက်ငွေလွဲဝန်ဆောင်မှု နှင့် MOB ဘဏ်ခွဲများ တို့တွင် အလိုအလျောက်ငွေပေးချေခြင်းစနစ်ကို လုပ်ဆောင်ထားရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။