Daiichi Life

Daiichi Life Myanmar Ltd (Daiichi  Life) သည် အခက်အခဲများနှင့် ရင်ဆိုင်နေရသော လက်ရှိ ကိုဗစ်-၁၉ ကာလတွင် ၎င်း၏ အာမခံထားရှိသူများ၊ အရောင်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကိုသာမက မြန်မာနိုင်ငံရှိ လူမှုအသိုက်အဝန်း တစ်ရပ်လုံးကိုလည်း ကူညီပံ့ပိုးပေးရန် ရည်သန်လုပ်ဆောင်လျက်ရှိသည်။ ၎င်း၏ တန်ဖိုးထားရသော “ People First” ဟူသည့် ဆောင်ပုဒ်နှင့်အညီ Daiichi Life Myanmar သည် ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် Dream Train (အိပ်မက်လှ ရထားလေး) လူငယ်ဖွံ့ဖြိုးရေး စင်တာတွင် လိုအပ်သည့် ပစ္စည်းများ၊ ရေမလို လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်း mask များနှင့် အစားအသောက်များ လှူဒါန်းထောက်ပံ့ပေးခဲ့သည်။  

ကိုဗစ် – ၁၉ ကူးစက်ခံရသော လူနာများကို ပြုစုကုသပေးရန်အတွက် မနားမနေ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတုန့်ပြန်သည့်အနေနှင့် Daiichi Life မှနေ့လည်စာ ထမင်းဗူး ၂၈၀ ဗူး အား ဝေဘာဂီအထူးကုဆေးရုံကြီး၌ သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် Daiichi Life သည် Dream Train (အိပ်မက်လှ ရထားလေး) လူငယ်ဖွံ့ဖြိုးရေး စင်တာ၌လည်း စာရေးကိရိယာများ၊ ကစားစရာများ၊ နှာခေါင်းစည်း mask များနှင့် ရေမလိုလက်သန့်ဆေးရည်များအား လှူဒါန်းပံ့ပိုးပေးခဲ့သည်။ ယခုကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသော လူနာများကို ကုသပေးသည့် ဆေးရုံများနှင့် ထောင်ပေါင်းများစွာသော ကလေးလူငယ်များအား ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ စောင့်ရှောက်ပျိုးထောင်ပေးသည့် Dream Train (အိပ်မက်လှရထားလေး) ကဲ့သို့ လူငယ်ဖွံ့ဖြိုးရေး စင်တာတို့မှ စတင်ပြီး အခြားသောနေရာကဏ္ဍများစွာတွင်လည်း ကူညီပံ့ပိုးရန် Daiichi Life က အသင့်ရှိနေပါသည်။