Daiichi Life

Sridhar P Raman

သင့်အနေနဲ့ distributor တစ်ယောက်အဖြစ် အသက်အာမခံလုပ်ငန်းမှာ လုပ်ကိုင်နေတယ်ဆို၊ ဒီလုပ်ငန်းကိုတိုးချဲ့ကြီးပွားနိုင်ဖို့အတွက် လုပ်ဆောင်ဖို့က‌တော့ အမြဲတမ်း ကြိုးစားဖို့နဲ့ သင်ယူဖို့ပဲဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ရာမှာ အကောင်းဆုံးဖြစ်ဖို့က အမှားတွေလုပ်မိပြီး ကျရှုံးသွားတာတွေကနေ သင်ခန်းစာယူပြီး မြန်မြန် တတ်မြောက်နိုင်ဖို့ပဲဖြစ်ပါတယ်။

ကိုယ်ရေးရာဇဝင်

Mr. Sridhar P Raman သည် Daiichi Life Myanmar  Deputy Chief Executive Officer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ Customer Journey အတွေ့အကြုံတစ်ခုလုံးကို ဦးဆောင်ညွှန်ကြားနေသူ ဖြစ်ပါသည်။ Agency Bancassurance နှင့် Strategic Partnerships များအပါအဝင် ကုမ္ပဏီ၏ Distribution Strategy များကို ဦးဆောင်ကာ Customer များကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် ဦးဆောင်နေသူဖြစ်ပါသည်။ ထို့အပြင် Marketing ၊ Communications၊ Operations နှင့် နည်းပညာဆိုင်ရာ ဌနများကိုလည်း ကြီးကြပ်တာဝန်ယူဆောင်ရွက်နေသူဖြစ်ပါသည်။ 

အာရှ-ပစိဖိတ်ဒေသတစ်လျှောက် အသက်အာမခံ ဖြန့်ချိရေးနယ်ပယ်များတွင် နှစ်ပေါင်း ၄၀ နီးပါး အတွေ့အကြုံရှိသူဖြစ်ပြီး၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့အပါအဝင် စျေးကွက်များတွင် စွမ်းဆောင်ရည်မြင့် အရောင်းအဖွဲ့အစည်းများကို တည်ဆောက်ခြင်းနှင့် တိုးတက်အောင် ပြောင်းလဲဆောင်ရွက်ခြင်းများကို အောင်မြင်စွာ ဦးဆောင်ခဲ့ပါသည်။ ထို့အပြင် အာရှဒေသရှိ နိုင်ငံအများစုကို လွှမ်းခြုံသည့် ဒေသဆိုင်ရာ ခေါင်းဆောင်မှု အခန်းကဏ္ဍများကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ ဖြန့်ချိရေးစနစ်များကို စနစ်တကျ ဖွံ့ဖြိုးတည်ဆောက်ရာတွင် အတွေ့အကြုံများသူဖြစ်ပြီး၊ စင်္ကာပူရှိ DBS Bank နှင့် ပူးပေါင်းကာ bancassurance လုပ်ငန်းများကို အောင်မြင်စွာ စတင်တည်ထောင်နိုင်ခဲ့သူများအနက် တစ်ဦးလည်း ဖြစ်ပါသည်။ 

လုပ်ငန်းနယ်ပယ်အတွင်း လေးစားခံရသော ခေါင်းဆောင်တစ်ဦးအနေဖြင့် Mr. Sridhar သည် ခိုင်မာသော အဖွဲ့အစည်းများ တည်ဆောက်ခြင်းနှင့် အနာဂတ်ခေါင်းဆောင်များကို ဖွံ့ဖြိုးတိုးတက်စေရန် အစဉ်တစိုက် အာရုံစိုက်ဆောင်ရွက်လာခဲ့ပါသည်။ သူ၏ ဦးဆောင်မှုအောက်တွင် လုပ်ကိုင်ခဲ့သူများအနက် များစွာသည် ယနေ့တွင် အာမခံလုပ်ငန်းအတွင်း အဆင့်မြင့်ခေါင်းဆောင်ရာထူးများကို ရရှိထားကြပါသည်။ 

လူများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေကြေးအကာအကွယ်ရရှိနိုင်မှုကို ပိုမိုကျယ်ပြန့်စေရန် အားထုတ်လိုသော စိတ်ဓာတ်ဖြင့် Mr. Sridhar သည် အကြံပေးဝန်ဆောင်မှုများကို ပိုမိုကျွမ်းကျင်တိကျစေရန်၊ ကာစတမ်မာများကိုအလေးထားသော ဖြန့်ချိရေးစနစ်များ တည်ဆောက်ရန်နှင့် အဖွဲ့အစည်း၏ တည်တံ့ခိုင်မြဲသော တိုးတက်မှုကို ဆက်လက် အားပေးဆောင်ရွက်လျက်ရှိပါသည်။ 

Mr. Sridhar သည် FLMI ဘွဲ့ရရှိထားပြီး Singapore College of Insurance၊ Australian Insurance Institute (AII) နှင့် Life Office Management Association (LOMA) တို့မှ အာမခံဆိုင်ရာ ပညာရပ်အရည်အချင်းများကို ရရှိထားပါသည်။ ထို့အပြင် ယူကေရှိ Institute of Personnel & Development မှ Training and Development ဘာသာရပ်ဖြင့် ဘွဲ့လွန်ဘွဲ့ကိုလည်း ရရှိထားပါသည်။