ကျွန်တော်တို့ Daiichi Life Myanmar မှ Star Awards Gala 2026 ပွဲအခမ်းအနားကြီးနဲ့အတူ Global Brand Refresh ဆန်းသစ်မှုကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။
ဒီပွဲအခမ်းအနားမှာကျွန်တော်တို့ရဲ့ ထူးချွန်တဲ့ COT/MDRT အဖွဲ့ဝင်များ၊ Star Achievers Club (Diamond, Platinum, Gold, Silver) အဖွဲ့ဝင်များ၊ Elite Star Leaders နဲ့ Star Leaders များအားလုံးရဲ့ ကြိုးစားအားထုတ်မှုများနဲ့ အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
ထို့အပြင် Daiichi Life ရဲ့ Global Brand Refresh ဆန်းသစ်မှုကိုလည်း ဒီအခမ်းအနားမှာ တရားဝင် မိတ်ဆက်ပေးခဲ့ပြီး “Live Life Beyond Horizon” ဆိုတဲ့ brand concept နဲ့အတူ “Life Reimagined” Music Video ကိုလည်း ပထမဦးဆုံးပြသပေးခဲ့ပြီး နိုင်ငံကျော်ပြည်သူချစ်အနုပညာရှင်များဖြစ်တဲ့ ကိုမင်းဦးနဲ့ မမိုးဟေကိုတို့နဲ့အတူ အားလုံးအတူ ပျော်ရွှင်စွာပုံဖော်ခဲ့ကြပါတယ်။
အခမ်းအနားရဲ့ အမှတ်တရအခိုက်အတန့်တွေကို မျှဝေရင်း မိသားစုများအတွက် ကိုယ်ပိုင်ဘဝကို စိတ်တိုင်းကျပုံဖော်နိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ စိတ်အေးချမ်းသာစေမယ့် ကာကွယ်မှုတွေပေးစွမ်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။





